စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ဇနီး ရိုက်နှက် ငွေတောင်းခံရ

E-mail Print
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ကွယ်လွန်သူ စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ ဇနီး ဒေါ်နီနီခင်အား အဓမ္မ ငွေတောင်းသူ တဦးက ရိုက်နှက်သွား ခြင်းကြောင့် ဒဏ်ရာပြင်းထန်ပြီး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

“အနုကြမ်းစီးတဲ့သူက ကျပ် ၁ သိန်း တောင်းတာ၊ အဘွားက ၅ သောင်းပဲရှိတယ် ပြောတာကို အုတ်ခဲကျိုးနဲ့ ထုသွားတာ။ နောက်စေ့ထိပြီး သတိမေ့သွားတယ်။ နာရီဝက်လောက်ကြာတော့ သတိရလို့ အပြင်ထွက်အော်မှ အိမ်ဘေးကလူတွေ သိကြတာ။ အဲဒီလူက ဖုန်းရုံးမှာလုပ်တာ။ သူက ဖုန်းကြိုးတွေဖြတ်၊ အိမ်တွေက ဆက်မရလို့ လှမ်းခေါ်ရင် သွားပြင်၊ ပြီးရင် ကျပ် ၂၀၀၀၊ ၃၀၀၀ တောင်း၊ အဲဒီလို လုပ်စားနေတာ” ဟု အိမ်နီးချင်းတဦးက ပြောသည်။

“အဘွားအိမ် မရောက်ခင် အိမ် ၂ အိမ်လောက်ကိုလည်း ၀င်ပြင်ပြီး ပိုက်ဆံတောင်းသွားတာ။ ဖြစ်ချင်တော့ ညာဘက်ဘေးအိမ်က ပိတ်ထားတယ်။ ဘယ်ဘက်ကလည်း ကွင်းပြင်ပဲရှိတယ်။ အနောက်ဘက်က ချောက်ကြီး။ အရှေ့မှာ ဘုန်းကြီးကျောင်းပဲရှိတော့ စဖြစ်ဖြစ်ချင်း အကူအညီတောင်းပေမယ့် မကြားဘူး ဖြစ်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ယမန့်နေ့ နံနက် ၁၁ နာရီခန့်က သံလျင်မြို့၊ အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်လမ်းတွင် အဆိုပါ ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ လမ်းအတွင်း နေထိုင်သူများသည် အခင်းဖြစ်ပွားပြီးနာရီဝက်အကြာမှ သိရှိသောကြောင့် အဆိုပါ ရိုက်နှက် ကျူးလွန်သူအား သိရှိသော်လည်း မဖမ်းနိုင်ခဲ့ကြောင်း သိရသည်။

“တရားခံကို အခုထိ မဖမ်းမိသေးဘူး။ ဘယ်မှာ ရှိမလဲ စုံစမ်းနေတုန်း။ အမှုစစ် အပြောအရဆိုရင် တရားခံက မြို့နယ် တယ်လီဖုန်းရုံးက ကျော်ဇေယျလို့တော့ သိရတယ်။ အိမ်ထဲဝင်ပြီး လုယက်တာဖြစ်တော့ ပုဒ်မ ၃၉၄ နဲ့ အရေးယူသွားမယ်” ဟု သန်လျင်ရဲစခန်းမှ ဒုရဲအုပ် ကျော်ညွှန့်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ စစ်ဆေးဆဲ ကာလတွင် အခင်းဖြစ်ပွားရာအိမ်ကို ရဲများက ပိတ်ထားကြောင်း ၎င်းက ဆိုသည်။

ဒေါ်နီနီခင်၏ ချွေးမဖြစ်သူ မ၀ိုင်းက “ကိုယ်ကတော့ အမှုမဖွင့်ရသေးပေမယ့် မေမေဒီလို ပုံစံနဲ့ ဆေးရုံရောက်သွားတော့ ရဲကအရေးပိုင်သွားပြီလေ။ အစ်မတို့က မေမေ့ကို ဂရုစိုက်နေတာနဲ့တင် အမှုနဲ့ပတ်သက်တဲ့ ကိစ္စကို မလုပ်နိုင်သေးဘူး။ မနေ့က ထက်စာရင် တိုးတက်လာပြီ။ ဒဏ်ရာတွေက များတော့ နာနေသေးတယ်” ဟု ပြောပြသည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင် ကုသနေရကြောင်း၊ အသက်အန္တရာယ်မရှိသော်လည်း ဦးခေါင်းမှ ဒဏ်ရာပြင်းသဖြင့် ဆေးရုံတွင် နောက်ထပ် ၆ ရက်ခန့် နေရဦးမည်ဖြစ်ကြောင်း မဝိုင်းက ဆိုသည်။

စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ခေါင်းချရာ အဆိုပါအိမ်တွင် အသက် ၇၅ နှစ်အရွယ် ဆရာကြီး၏ ဇနီးနှင့် အရှေ့ပိုင်း တက္ကသိုလ် ငွေစာရင်းဌာနတွင် အလုပ်လုပ်သော သမီးဖြစ်သူအတူ ဆက်လက် နေထိုင်နေပြီး သားဖြစ်သူ မိသားစုသည် လုပ်ငန်းဖြစ်သော ကံ့ကော်ဝတ်ရည် စာအုပ်တိုက်ရှိရာ ရန်ကုန်တွင် နေထိုင်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်