ရွေးကောက်ပွဲကြောင့် ပွဲများ ပိတ်ပင်

E-mail Print
ရွေးကောက်ပွဲအကြိုကာလတွင် ဒေသတချို့၌ ဇာတ်သဘင်ပွဲများ၊ စင်တင်တေးဂီတပွဲများ ကျင်းပရန် သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုကြောင်း သိရှိရသည်။

“ပွဲကခွင့်ကို တရားဝင် ကြေညာချက်ထုတ်ပြီး ပိတ်တာမျိုးတော့မဟုတ်ဘူး။ ပွဲတပွဲ ကဖို့ဆိုရင် ပွဲမိန့်ကို တလကြိုပြီး သက်ဆိုင်ရာတွေဆီ အဆင့်ဆင့်တင်ရတယ်။ ရယကတွေက ထောက်ခံမှ ပွဲကခွင့်ပေးတယ်။ အဲဒီလိုတွေဖြစ်တော့ ပွဲကဖို့ ငှားမယ့်သူတွေက မငှားရဲကြတော့ဘူး။ ကြောက်တာလည်းပါတယ်။ သူတို့ပေးထားတဲ့ စရန်ငွေတွေ ဆုံးမှာ ကြောက်တယ်” ဟု မန္တလေးမြို့မှ ဇာတ်အဖွဲ့တဖွဲ့၏ မန်နေဂျာဖြစ်သူက ပြောသည်။

ဇာတ်သဘင်အဖွဲ့များ အနေနှင့် ပွဲမကရသောကြောင့် စားဝတ်နေရေး ခက်ခဲနေသည်ဟုလည်း ၎င်းက ဆိုသည်။

မန္တလေးနှင့် ရန်ကုန်တွင် နိုဝင်ဘာလအတွင်း ဇာတ်သဘင်ပွဲများ ကပြခွင့်ကို အကြောင်းပြချက်မပေးဘဲ ပိတ်ပင်ထား သည်ဟု လူရွှင်တော် ပါပါလေးက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံခြားသား ဧည့်သည်တွေက ကျနော်တို့အိမ်ကို လာလေ့ရှိတယ်။ အဲဒီလိုအချိန်ဆိုရင်တော့ ကျနော်တို့အနေနဲ့ အိမ်ထဲ မှာပဲ ကရတာပေါ့ဗျာ။ အခုဟာက ကျနော်တို့ကို အိမ်ထဲမှာ ကခွင့်ကိုပါ ပိတ်ထားတာ။ ဒါပေမယ့် ကျနော်တို့တော့ က တာပဲ။ အနုပညာသမားဆိုတော့ မ က ရရင် တခြား ဘာမှ မလုပ်တတ်ဘူး” ဟု ပါပါလေးက ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌လည်း နှစ်စဉ် သတင်းကျွတ် လပြည့်နေ့တိုင်း ရှမ်းရိုးရာ ဇာတ်သဘင်များ၊ တေးဂီတပွဲများဖြင့် ကျင်းပလေ့ရှိသော “ပွဲဆောင်းဆမ်” အမည်ရှိ ပွဲကို ယခုနှစ်တွင် ယမန်နှစ်များကကဲ့သို့ ဇာတ်သဘင်များဖြင့် ကျင်းပခွင့်မပြုတော့ဘဲ ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်၊ တရားနာခြင်းတို့ဖြင့်သာ ကျင်းပရန် ဒေသ အာဏာပိုင်များက ထုတ်ပြန်ထားသည်ဟု နမ့်ခမ်းမြို့ခံ တဦးက ပြောသည်။

“ပွဲဆောင်းဆမ် ဆိုတာက နမ့်ခမ်းမြို့ရဲ့ အမှတ်အသားတခုလို့ ပြောလို့ရတယ်။ အခု လဆန်းပိုင်းကတည်းကစပြီး မယက က ပြောထားတယ်။ ရှမ်းဇာတ်တွေ၊ စတိတ်ရှိုးတွေ ထည့်လို့မရဘူးတဲ့” ဟု အဆိုပါ မြို့ခံက ဆိုသည်။

လူစု လူဝေးများမည့် သာရေး နာရေးကိစ္စများ ပြုလုပ်မည်ဆိုလျှင်လည်း တစုံတဦးက မည်သို့သော ပြဿနာမှ မဖြစ်စေရ ဟူ၍ အာမခံထားမှသာ ဒေသခံအာဏာပိုင်တို့က ခွင့်ပြုသည်ဟု သိရသည်။

အောက်တိုဘာ လကုန်ပိုင်းမှ နိုဝင်ဘာလဆန်းအထိ ကျင်းပမည့် မွန်ပြည်နယ်၏ အထင်ကရ ပွဲတော်များဖြစ်သော ကျိုက္ခမီဘုရားပွဲ၊ ကျိုက်ကမော့ ဘုရားပွဲနှင့် ဓမ္မသတ်ဘုရားပွဲတော် တို့တွင်လည်း ဇာတ်ပွဲကျင်းပခွင့်များ ပိတ်ပင်ထားပြီး ဆွမ်းလောင်းခြင်းကိုသာ ခွင့်ပြုထားကြောင်း သံဖြူဇရပ်မြို့မှ ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။ 

ရွေးကောက်ပွဲ နီးကပ်လာသည့် ကာလတွင် ဇာတ်ပွဲကျင်းပခွင့် ပိတ်ပင်ခြင်းမှာ လူစုလူဝေးများမှတဆင့် ဆူပူ အုံကြွမှု ပေါ်ပေါက်လာမည်ကို အစိုးရက စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ရှမ်းနှစ်သစ်ကူးပွဲတော်သည် ပုံမှန်အားဖြင့် ဒီဇင်ဘာလတွင် ကျရောက်သော်လည်း ယခုနှစ်အတွက် ကျင်းပခွင့် မသေချာသေးကြောင်း မြို့နယ်အလိုက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက် ၂၀ အလိုမှ စတင်၍ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများနှင့် လူအများစုရုံးနိုင်သော ပွဲတော်များကို သက်ဆိုင်ရာ အာဏာပိုင်များက ကျင်းပခွင့်မပြုဘဲ ရပ်နားထားမည်ဟုလည်း သိရှိရသည်။

ရန်ကုန်အခြေစိုက် ပန်းချီပြပွဲ တာဝန်ခံ တဦးကလည်း “ရွေးကောက်ပွဲရက်တွေမှာ ဘာပြပွဲမှ ကျင်းပလို့မရဘူးလို့ ညွှန်ကြားထားတယ်။ ပြပွဲတွေလုပ်ဖို့ ကျနော်တို့ဘက်က အများကြီး စီစဉ်ထားတော့ အခုအချိန် အလုပ်လုပ်ရတာ အဆင်မပြေဘူး” ဟု ဧရာဝတီသို့ ပြောသည်။

စတိတ်ရှိုးပွဲများကို စီစဉ်သူတဦးကလည်း မန္တလေးမြို့တွင် ကျင်းပရန်အတွက် စရန်ငွေများ၊ ကျင်းပခွင့်ရရန် ငွေပေးထားရမှုများရှိပြီး အလှူငွေများ ထည့်ဝင်ထားရသော်လည်း ပွဲကျင်းပခွင့်မရသဖြင့် ဒုက္ခရောက်နေသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည့်ကာလတွင် အနုပညာရှင်များ အနေဖြင့် ခရီးထွက်ခွင့်မရှိကြောင်းလည်း သက်ဆိုင်ရာက ညွှန်ကြားထားသည်ဟု အဆိုတော် တဦးကျြေပာသည်။

ွဧရာဝတီ သတင်းထောက် စိုင်းဇွမ်းဆိုင်းနှင့် သျှင်ဒီစံတို့ ပူးပေါင်းရေးသားသည်
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်