အကျဉ်းသား ၃၀၀၀ လွှတ်ဖွယ်ရှိ၊ နိုင်ငံရေး အကျဉ်းသား မပါနိုင်

E-mail Print
မြန်မာ စစ်အစိုးရက အကျဉ်းသား ဦးရေ ၃၀၀၀ ခန့်ကို နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးမည်ဟု ဆိုသော်လည်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ဖွယ် မရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“လိုအပ်တဲ့ ပြင်ဆင်မှုတွေ ကျနော်တို့ လုပ်ဆောင်နေပါတယ်၊ ကျနော်တို့ သိရတာကတော့ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ်တွေ ကို ရက် ၃၀ လောက် လျှော့ပေးမယ့် အစီအစဉ်ပါတယ်”ဟု အကျဉ်းဦးစီဌာနမှ အရာရှိ တဦးကို ကိုးကား၍ Reuters သတင်း ဌာနက ယနေ့ ဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အကျဉ်းသားများ မဲပေးရန်အတွက် ရည်ရွယ်ကြောင်း ၎င်းကဆိုသည်။ လွှတ်ပေးမည့် အကျဉ်းသား များသည် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလ အတွင်း လွတ်ရက် စေ့မည့်သူများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသား ဦးရေ ခန့်မှန်းခြေ(၅၀၀၀၀) ခန့် ရှိကြောင်း သိရသည်။ ၎င်းတို့ အနက် နိုင်ငံရေးအကျဉ်းသား ၂၁၈၃ ဦး ခန့်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)က ဖော်ပြထားသည်။

သို့သော် စစ်အစိုးရက အကျဉ်းသား လွှတ်ပေးမည့် အစီအစဉ်ထဲတွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူ တချို့က ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းကမူ“လွှတ်တာ မှန်ခဲ့ရင်လည်း နိုင်ငံရေး အကျဉ်း သားတွေ ပါမယ်လို့ မျှော်လင့်မထားဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ အကြို ကာလအတွင်း အကျဉ်းသားများကို လွှတ်ပေးနိုင်ကြောင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ဆို သည်။ 

“နိုင်ငံရေး အကျဉ်းသားတွေ ပါမယ်ဆိုတာ မသေချာသေးဘူး၊ အရင်က ဒီလိုမျိုး လွှတ်ပေးခဲ့ဖူးတာ ရှိတယ်၊ အဲဒီအချိန်က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ၁ ရာခိုင်နှုန်းတောင် မပြည့်ဘူး၊ လွှတ်ပေးတဲ့ လူတွေကလည်း လွတ် ရက်စေ့တဲ့လူ လွတ်ရက်နီးတဲ့ လူ၊ အိုမင်းတဲ့လူတွေကို လွှတ်ပေးတာ များတယ်”ဟု ၎င်းက ပြောသည်။  

သြဂုတ်လ နှင့် စက်တင်ဘာလ အတွင်း စစ်အစိုးရက အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ဦးရေ ၂၀၀ ကျော်ကို လွှတ် ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ မပါဝင်ပေ။

ရွေးကောက်ပွဲတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများ အားလုံးပါဝင်နိုင်ရေး အတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဥရောပနိုင်ငံများ၊ အမေရိကန်၊ အာဆီယံနှင့် ကုလသမဂ္ဂတို့က စစ်အစိုးရကို တောင်းဆို ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်