ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်

E-mail Print
ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြင့် ရထားလမ်းအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် လာမည့် ၂၀၁၁ ခုနှစ်တွင် စတင် ဖောက်လုပ်မည်ဟု သိရသည်။

၃၈၅ . ၅၀ မိုင် ရှည်လျားသည့် ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြှင့်ရထားလမ်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း အခြေစိုက် ရထားထုတ်လုပ်ရေး ကုမ္ပဏီ၏ အကူအညီဖြင့် ၂၀၁၅ တွင် အပြီးဖောက်လုပ်မည်ဟု ရထားပို့ဆောင် ရေးဝန်ကြီး ဌာနနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ စီမံကိန်းသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး ဦးဆောင်သည့် ချစ်ကြည်ရေးအဖွဲ့ ဇူလိုင်လ ၉ ရက်နေ့က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက်စဉ် သဘောတူညီ ချက်များအရ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည် ဟု သိရသည်။

ကူမင်းအခြေစိုက် ရထားထုတ်လုပ် ရေးကုမ္ပဏီမှ ထိုရထားလမ်း ဖောက်လုပ်ရန် စမ်းသပ်စစ်ဆေးမှုများလာရောက် ပြုလုပ် ပေးမည်ဟုရထားပို့ဆောင် ရေးဝန် ကြီး ဌာနက ပြောသည်။


“အာဏာပိုင်တွေ တရုတ်ကိုချစ်ကြည်ရေးခရီး သွားတုန်းက တရုတ်က နည်းပညာတွေ ကူညီပေးမယ်။ ရထားတွဲတွေ အလ ကားပေးမယ်ဆိုပြီး ပြောလိုက်တာတွေ ရှိခဲ့တယ်။ ဒီလို သဘောတူခဲ့တာတွေကို အကောင်အထည်ဖော်ဖို့ တရုတ်အဖွဲ့က လာမှာ”ဟု နေပြည်တော် ရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

မြေသားနှင့် ဖောက်လုပ်မည့် လမ်းအနေအထားတို့အား စစ်ဆေးပေးရန် လာရောက်မည်ဟု သိရပြီး အသစ်ဖောက်လုပ်ပြီးစီး သွားသည့် ရန်ကုန်-မန္တလေးကားလမ်းနှင့်အပြိုင် မြန်နှုန်းမြင့်ရထားလမ်းကို ဖောက်လုပ်မည်ဟု သူက ဆိုသည်။

အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းအား ယခင်က ရန်ကုန်-နေပြည်တော် ဖောက်လုပ်ရန် စီစဉ်ထားပြီးမှ ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်တွင် ရထားပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအား  ဆွေးနွေးခဲ့ကြပြီး  ဘေကျင်းမြို့ မီးရထား ဘူတာရုံသို့ သွားရောက်ကြည့်ရှု၍ အဆင့်မြင့် မြန်နှုန်းမြင့် ရထားဖြင့် စီးနင်းလေ့လာခဲ့သည်ကို  ဇူလိုင် ၁၄ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာတွင်ဖော်ပြထားသည်။

“ခရီးစဉ်မှာ ပါသွားတဲ့ အာဏာပိုင်တွေ အပြောအရဆို မြေအောက် ဒါမှမဟုတ် မိုးပေါ် ရထားလမ်း ဖောက်မယ်ဆိုပြီး ပြောနေ တယ်။ ဒါမျိုးလုပ်ဖို့ ဆိုတာ အချိန်ကုန်၊ ငွေကုန်ပြီး အဓိက ကိုယ့်နိုင်ငံနဲ့ မကိုက်တဲ့ အစီအ စဉ်ကြီး။ ဟိုက အလကားပေးမယ့် ရထားလမ်းတွေက အစ စီစဉ်ပေးမယ်ဆိုတော့ သဘောတူခဲ့တာ။  တရုတ်က ဒီလထဲလာပြီး မြေသားစမ်းသပ်တာတို့၊ တိုင်း တာ တာတို့ လာလုပ်မယ် ပြောတယ် ” ဟု ရန်ကုန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှအရာရှိ ဗိုလ်မှူးတဦးကဆိုသည်။

အဆိုပါ မြန်နှုန်းမြင့်မီးရထားလမ်းဖောက်လုပ်မည်ဆိုပါက လျှပ်စစ်မီးလုံလောက်စွာရရှိရန်လိုအပ်သောကြောင့် ဖောက်လုပ်မည့် လမ်းတောက် လျှောက်တွင် ၂၄ နာရီ မီးရရှိရန် အလျင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု သူကပြောသည်။

လက်ရှိ မောင်းနှင်နေသော ရန်ကုန်-မန္တလေး အမြန်ရထားလမ်း သည် အချိန် ၁၆ နာရီခန့် ကြာမြင့်ကြောင်း သိရ သည်။

“ အခုနောက်ပိုင်းဖောက်တဲ့ ရထားလမ်းတွေ မှန်သမျှ နေပြည်တော်ကို ဆုံချက်လို သဘောထားပြီး ဖောက်သွားမှာ။ ခုလမ်းက လည်း အဲဒီလိုပဲ နေပြည်တော်ကို ဖြတ်ပြီး မန္တလေး ကို ဆက်သွားမှာ။ အခု ဖောက်မယ်ဆိုတဲ့ မြန်နှုန်းမြင့်ရထားလမ်းဆို တာကလည်း ချက်ချင်း ထလုပ်လို့မရဘူး ပြင်ဆင်မှုတွေ လုပ်ရဦးမယ်  ” ဟု နေပြည်တော် ဆောက်လုပ် ရေး ၀န်ကြီးဌာနမှ အကြီးတန်း အင်ဂျင်နီယာ တဦးက ဆိုသည်။

အဆိုပါ မြန်နှုန်းမြင့်ရထားလမ်းအား ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းနှင့် ယှဉ်ကာ ဖောက်လုပ်သွားမည်ဟု သိရ သည်။

ဇူလိုင်လ ၉ ရက်နေ့က အတွင်းရေးမှူး (၁) ဗိုလ်ချူပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့စဉ် မီးရထားစက်ခေါင်း ထုတ်လုပ်ရေးစက်ရုံ၌ မြေအောက် ရထားတွဲ ဆောက်လုပ်ရေး လုပ်ငန်းများအား ကြည့်ရှုခဲ့ ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် သဘောတူညီထားသော စာချုပ်အရ စိန် သဘာဝဓာတ်ငွေ့မြေနှင့် ပတ္တမြား ဓာတ်ငွေ့မြေတို့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ၊ ကူမင်းသို့ ပိုက်လိုင်းဖြင့် တင်ပို့ ရောင်းချသွားမည်ဖြစ်ပြီး ယင်း ဓာတ်ငွေ့မြေ နှစ်ခုမှ သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် တနေ့လျှင် ကုဗသန်း ၇၀၀ ခန့်ရှိကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်