အယ်ဒီတာ ထောင် ၁၃ နှစ် ကျ

E-mail Print

ပြည်တွင်း သတင်း အယ်ဒီတာ တဦးဖြစ်သည့် ကိုညီညီထွန်းကို စစ်အာဏာပိုင်များက လွန်ခဲ့သည့် နှစ်တွင် ဖမ်းဆီး၍ ပုဒ်မ ၄ ခုနှင့် စွပ်စွဲပြီးနောက် အင်းစိန် အထူးတရားရုံး၌ ယနေ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ရှေ့နေ ဦးကျော်ဟိုးက ပြော သည်။

ယင်းကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဌာန်းချက် ဥပဒေ ပုဒ်မ ၁၃/၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် ကြိုးမဲ့ကြေးနန်း ဥပ ဒေ ပုဒ်မ ၆/၁ တို့ဖြင့် အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

ကိုညီညီထွန်းနှင့် အတူ ထောင်ကျခံနေရသော ကိုစိုးမိုးထွန်းကိုလည်း မတရား အသင်းဆက်သွယ်မှုနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ကြောင်းလည်း သိရသည်။

၎င်းတို့ ၂ ဦးကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ၌ ရန်ကုန်မြို့တွင် အစိုးရအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။

ကိုညီညီထွန်းသည် ကယားပြည်နယ် အထူးဒေသတွင် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှ စတင်၍ တရားဝင် ထုတ်ဝေခဲ့သော ကန္တာရ ၀တီ သတင်းဂျာနယ် ၏ အယ်ဒီတာ ဖြစ်သည်။ အဖမ်းခံရပြီးနောက်ပိုင်း ယင်း ဂျာနယ်ကိုလည်း ပိတ်ထားရသည်။

“တရားရုံးက အမိန့်ချတော့ တရားရုံးရဲ့ စီရင်ချက်ကို မကျေနပ်ဘူး၊ မကျေနပ်ဘူးဆိုတာက မျက်မြင်သက်သေအရ ပြစ်မှုထင် ရှား တွေ့ရှိတယ်လို့လည်း မျက်မြင် သက်သေ နာမည်ကိုလည်း တိတိကျကျ ထောက်မပြနိုင်ဘူး”ဟု ရှေ့နေ ဦးကျော်ဟိုး က ဧရာဝတီသို့ ပြောသည်။

ထိန်းသိမ်းထားတဲ့ သက်သေခံပစ္စည်း အထောက်အထားအရ ပြစ်မှုကျူးလွန်တယ် ဆိုတာလည်း ခိုင်ခိုင်လုံလုံနဲ့ အပြစ်ပေးထား တာ မဟုတ်တော့ ဒါနဲ့ ပတ်သက်ပြီးတော့ မကျေနပ်ဘူး၊ အယူခံတက်ဖို့ စီစဉ်နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆို သည်။

ကိုညီညီထွန်း၏ စကားကို ကိုးကား၍ ညီမဖြစ်သူ မစိုးလဲ့လဲ့မိုးက“လူထုနဲ့ နိုင်ငံရေးကို အောင်သွယ် လုပ်ပေးလိုက်တဲ့ အတွက် ကြောင့် စစ်အစိုးရက ထောင်ဒဏ် ၁၃ နှစ် ချလိုက်ပါပြီ”ဟု တရားရုံး၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသား ဦးရေ ခန့်မှန်းခြေ(၅၀၀၀၀) ခန့် ရှိကြောင်း သိရသည်။ ၎င်းတို့ အနက် နိုင်ငံရေးအကျဉ်းသား ၂၁၈၃ ဦး ခန့်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)က ဖော်ပြထားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်