ရွေးကောက်ပွဲ အကြိုကာလတွင် ကျေးရွာ ဥက္ကဋ္ဌတဦး အသတ်ခံရ

E-mail Print

ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ်အတွင်းမှ နမ့်ယန်းကျေးရွာ ဥက္ကဋ္ဌသည် အမည်မသိ သေနတ်သမား ၂ ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အမှုအတွက် သံသယဖြစ်ခံရသူ ရွာသားတဦးကို

နမ့်လန် ရဲစခန်းတွင် ထိန်းသိမ်းထား ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်က သတ်ဖြတ်ခံရသော အဆိုပါ ကျေးရွာ ဥက္ကဋ္ဌသည် ဒေသခံ အာဏာပိုင်များ၏ ခိုင်းစေမှု ကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် မဲဆွယ်ပေးခြင်းကြောင့် ဖြစ်နိုင်ကြောင်း နမ့်လန်မြို့ခံ တဦးက ပြောသည်။

အဆိုပါ ဒေသခံက “ကျေးရွာ ဥက္ကဋ္ဌတွေကို သီပေါမြို့ကို ခေါ်ပြီးတော့ မယက က ကြံ့ဖွံ့ပါတီအတွက် စည်းရုံးပေးရမယ်။ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းတွေ လာရင် လိုက်ကူညီရမယ်လို့ မှာပြီး သိပ်မကြာဘူး၊ နမ့်ယန်း ဥက္ကဋ္ဌ အသတ်ခံရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တခြား နမ့်လန်မြို့ခံတဦးက “ညနေ နည်းနည်း မှောင်တဲ့အချိန်မှာ ဧည့်သည် ၂ ယောက်က ဧည့်စာရင်းတိုင်ချင်လို့ ဥက္ကဋ္ဌအိမ် ပို့ပေးပါလို့ ပြောတော့ ရွာသားတယောက် လိုက်ပို့ပေးတယ်။ ဥက္ကဋ္ဌအိမ်ရောက်တော့ ချက်ချင်းပဲ ပစ္စတိုသေနတ်နဲ့ ထုတ်ပစ်တယ်။ ပစ်ပြီး ထွက်ပြေးသွားကြတယ်။ လိုက်ပို့တဲ့ ကောင်လေးကိုတော့ နမ့်လန်ရဲစခန်းမှာ ချုပ်ထားတယ်” ဟု ပြောသည်။

အမှုဖြစ်စဉ် အသေးစိတ်အတွက် နမ့်လန်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိက နမ့်ယန်းကျေးရွာ တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုသည် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA - N) သို့မဟုတ် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ၏ လက်ချက် ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

ယင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သီပေါမြို့နယ်နှင့် နမ့်လန်မြို့နယ်အတွင်း ကြံ့ဖွံ့ပါတီနှင့် ပတ်သက်သည့် ကိစ္စများ လုပ်ဆောင်ပေးရန် စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရှိရသည်။

“လားရှိုးမြို့က ကြံ့ဖွံ့ ကိုယ်စားလှယ်တွေက နေပြည်တော်သွားဖို့ သီပေါနားတဝိုက် ရောက်ပြီဆိုရင် ကြောက်ကြတယ်။ သီပေါကျော်ပြီး ကျောက်မဲလောက်ရောက်မှပဲ စိတ်အေးကြတယ်”ဟု သီပေါမြို့ခံတဦးက ပြောသည်။

သီပေါမြို့နယ်နှင့် နမ့်လန်မြို့နယ်တို့သည် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန်နေသည့် အပစ်ရပ် SSA-N ၏ တပ်မဟာ (၁) လှုပ်ရှားမှုရှိသော ဒေသဖြစ်ပြီး နမ့်လန်မြို့၏ တောင်ဘက် ပန်ကေတု၊ မိုင်းကိုင် စသည့်ဒေသတို့သည် SSA-S  တပ်ဖွဲ့များ လှုပ်ရှားနေသည့် ဒေသများဖြစ်သည်ဟုလည်း သိရှိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်