ရွေးကောက်ပွဲကို မဲမပေးရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

E-mail Print
ရွေးကောက်ပွဲတွင် မဲမပေးကြရန်နှင့် မဲပေးလျှင်လည်း ပယ်မဲအဖြစ် ပြုလုပ်ဆန့်ကျင်ကြရန် မွန်ပြည်သစ်ပါတီ (MNSP) က ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

မွန်ပြည်သစ်ပါတီမှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗန်ခိုင်းက “ကျနော်တို့ မွန်ပြည်သူတွေရော၊ တခြား တိုင်းရင်းသား အဖွဲ့တွေရော၊ လူထုတွေရောပေါ့နော်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက် လို့ ကျနော်တို့ရဲ့အမြင်၊ ကျနော်တို့ရဲ့ သဘောထားကို သိအောင် ထုတ်ဖော် ကြေညာတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မွန်ပြည်သစ်ပါတီ၏ အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာချက်တွင် ရွေးကောက်ပွဲကို အသိအမှတ် မပြု နိုင် ကြောင်း၊  မတရားသော ရွေးကောက်ပွဲကို ငြင်းပယ်ခြင်းဖြင့် တရားသော ရွေးကောက်ပွဲကိုကြိုဆိုလမ်းခင်းပေးခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများအနေဖြင့် သွားရောက် မဲမပေးခြင်း၊ ပယ်မဲဖြစ်အောင် ပြုလုပ်ခြင်း တို့ဖြင့် ၀ိုင်းဝန်း ဆန့်ကျင်ရန် ပန်ကြားကြောင်း ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီသည် နအဖကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဖိအားပေးမှုကို ငြင်းဆန်ထားကြောင်း၊ သို့သော် မွန်ပြည်သစ်ပါတီကို စစ်ရေးအရ ဖိအားပေးခြင်း မရှိသေးကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ သည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။ မွန်ပြည်သစ်ပါတီ က အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သော်လည်း တောင်းဆိုချက်များ ပယ်ချခံရ၍ ၂၀၀၅ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ကျောခိုင်းခဲ့ပြီး နောက်ပိုင်းတွင် လေ့လာသူ အဖြစ်သာ တက်ရောက်သည်။

မွန်ပြည်သစ်ပါတီကဲ့သို့ပင် တိုးတက်သော မွန်လူငယ်များ အစည်းအရုံး (MYPO) ကလည်း ရွေးကောက်ပွဲကို မွန်လူထု အနေဖြင့် ဆန့်ကျင်ကြရန် ထုတ်ပြန်ကြေညာထားသည်။

MYPO ဥက္ကဋ္ဌ မိအိုင်စွန်းက “မွန်တွေအတွက်ရော အနာဂတ် မြန်မာနိုင်ငံအတွက်ရော အခုအချိန်မှာ အရမ်းကို အရေးကြီးနေတဲ့အတွက် ကျမတို့အနေနဲ့ လာမယ့်ရွေးကောက်ပွဲကို မွန်လူငယ်ထုတရပ်လုံး ဦးဆောင် ဆန့်ကျင်ဖို့ နှိုးဆော်တိုက်တွန်းတာ ဖြစ်တယ်”ဟု ပြောသည်။

မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီသည် ရွေးကောက်ပွဲဝင်ရန် စည်းရုံးလှုပ်ရှားလျက် ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ မပြုလုပ်မည့် ဒေသများတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေများလည်း ပါဝင်သည်။

မွန်ပြည်နယ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့်ဟုဆိုကာ မွန်ရဟန်းတော် အရှင်ဥက္ကံသကို ယခုနှစ် ဇန်နဝါရီလတွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် မဲမထည့်လိုက မထည့်ဘဲ နေပိုင်ခွင့်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လူထုအကြားတွင် ဟောပြော ပညာပေးလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်