ထိုင်း လေယာဉ် ရန်ကုန်လေဆိပ်၌ ပြေးလမ်းချော်

E-mail Print
ဘန်ကောက် - ရန်ကုန် ပျံသန်းနေသည့် Thai Airways International (TG) လေကြောင်းမှ ခရီးသည် ၁၈၃ ဦး လိုက်ပါလာသော လေယာဉ်တစီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးလမ်းချော်မှု ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

ygn-air-port“လေယာဉ်က ခရီးသည်တွေကို လေဆိပ်ထဲကို သွားပို့မယ့် အချိန် အကွေ့တနေရာမှာ လေယာဉ်က ပြေးလမ်းချော်ပြီးတော့ ပြေးလမ်း ဘေးမှာ ရှိတဲ့ မြက်ခင်းပေါ်ကို ကျသွားတယ်”ဟု ဘန်ကောက်မြို့ရှိ Thai Air Ways လေကြောင်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။ ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်းလည်း သိရသည်။

ယနေ့ ထိုင်း စံတော်ချိန် ၈နာရီ ၁၅ မိနစ် ရန်ကုန်သို့ ထွက်ခွာသွားသည့် ၎င်း ထိုင်းလေကြောင်းလိုင်းမှာ ခရီးသည်တင် Air Bus 
A 300 လေယာဉ် အမျိုးအစားဖြစ်သည်။

ထိုင်း လေကြောင်းလိုင်းသည် ရန်ကုန် လေဆိပ်သို့ ဆင်းသက်ခဲ့ပြီးနောက် ပြေးလမ်းပေါ်တွင်ပင် မတော်တဆ ဖြစ်ပွားခဲ့ကြောင်း Thai Air Ways လေကြောင်းမှ ၀န်ထမ်းက ဆိုသည်။

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သောကြောင့် ခရီးများ လေယာဉ်ပေါ်မှ ခက်ခဲစွာ ဆင်းခဲ့ရပြီး လေယာဉ်ကိုလည်း ပြေးလမ်းပေါ် ရောက် ရန် ပြန်လည် ဆွဲတင်ခဲ့ရကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်