ကြံ့ဖွံ့ကိုအမှုဖွင့်သော်လည်း ရဲလက်မခံ

E-mail Print
သန်လျင်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဆန္ဒမဲလက်မှတ် အတုပြုလုပ်သဖြင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးကြည်က ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးစားခဲ့ရာ ရဲစခန်းက လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း သတင်းရရှိသည်။

members-usdp-partyသန်လျင်မြို့နယ် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်ဦးသည် ဦးစိုးကြည်၏ အမည်နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အမှတ်အသား ဒေါင်းတံဆိပ်ကို ဆန္ဒမဲလက်မှတ် အတုပေါ်တွင် အလွဲသုံးစားပြုလုပ် ဖော်ပြခဲ့သည်ဟု ဦးစိုးကြည်နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောသည်။

ထို့ကြောင့် ဦးစိုးကြည်က ဦးလွင်ဦးကို စာရွက် စာတမ်း အတုပြုလုပ်မှုဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့က သန်လျင်ရဲစခန်း၌ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ရာ ရဲစခန်းက အဆိုပါအမှုသည် နိုင်ငံရေးမှုဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်သည်ဟု ပြန်လည်ပြောဆိုခဲ့၍ အမှုဖွင့်ခွင့် မပေးခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီကဝေငှသည့် ဆန္ဒမဲလက်မှတ် စာရွက် ပုံစံတူများပေါ်တွင် သန်လျင်မြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ ပါတီ အပါအ၀င် တခြားသော ပါတီများ၏ အမည်၊ တံဆိပ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်များကို ဖော်ပြထားကြောင်း၊ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်လောင်း အမည်ဘေးတွင် အမှန် ခြစ်ပြထားပြီး တခြားပါတီများ၏ ဘေးတွင် လုံးဝ အမှန်မခြစ်ကြရန် ပြောဆိုစည်းရုံးကြောင်း သန်လျင်မြို့ခံများက ပြောသည်။

“စာရွက်စာတမ်း အတုပြုလုပ်မှု ဆိုပြီး ပုဒ်မ ၄၆၈ နဲ့ အမှုဖွင့်ဖို့ လုပ်ပေမယ့် ရဲစခန်းက လက်မခံဘူး” ဟု သန်လျင်မြို့ခံတဦးက ဆိုသည်။

ထိုသို့ ရဲစခန်းက လက်မခံခဲ့ခြင်းကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ဦးသိန်းစိုးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးတို့ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်း မပြန်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

လက်ရှိတွင် ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ စုဆောင်းမှုများ လုပ်ဆောင်နေသည်ကို သက်သေအထောက်အထား များနှင့်တကွ ရရှိထားသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တရားဝင် တိုင်ကြားထားသည်ဟုလည်း ဦးသုဝေက ပြောသည်။

နိုင်ငံရေးသမားတဦးကမူ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်နေသော်လည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားရုံသာမက တရားစွဲဆိုသင့်သည်ဟု
ဝေဖန်သည်။

“ကြံ့ဖွံ့ပါတီကို ဖျက်သိမ်းပေးဖို့၊ တရားစွဲဖို့ နိုင်ငံရေးပါတီတွေက မကြိုးစားကြဘူး၊ ပြောလည်း မပြောဘူး။ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ကိုပဲ တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက
အစိုးရသဘောကျ လုပ်ပေးတဲ့ သူတွေနဲ့ဖွဲ့ထားတာ။ ဥပဒေအရ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲသင့်တယ်” ဟု ၎င်းက ဆိုသည်။

သန်လျင်မြို့နယ်တွင် ကြံ့ဖွံ့ပါတီက လွှတ်တော်အမတ်လောင်း ၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဒေါက်တာမြင့်ကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးလွင်ဦး၊တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း အဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၂ ကိုယ်စားလှယ်လောင်း အဖြစ် ဦးကျော်မင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်