မြန်မာပရိသတ် အားပေးသည့် ကိုရီးယားမင်းသား ရန်ကုန်ရောက်နေ

E-mail Print
မြန်မာပရိသတ်များ နှစ်ခြိုက် အားပေးသော ကိုးရီးယားမင်းသား ဂျူမုံ (ဆောင်းအီလ်ဂွတ်) နှင့် မင်းသမီး လီဟားနား တို့သည် ကိုးရီးယား - မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ရန်ကုန်မြို့သို့ ယမန်နေ့က ရောက်ရှိနေပြီး ယနေ့ မီဒီယာများနှင့် ရန်ကုန် ချက်ထရီယမ် ဟိုတယ်၌ တွေ့ဆုံသည်ဟု သိရသည်။

WomenoftheSun-parkjiheonဂျူမုံ ဟု မြန်မာပရိသတ်များက သိထားသော တောင်ကိုရီးယား မင်းသားသည်အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး “ရာဇ၀င်တွင်မည့် သူရဲကောင်း” ဇာတ်လမ်းတွဲ၌ ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတွဲနှင့် မင်းသားကို မြန်မာ ပရိသတ်များ အထူးနှစ်ခြိုက် အားပေးခဲ့ကြသည်။

လက်ရှိတွင်လည်း မြန်မာ့ ရုပ်မြင်သံကြား၌ ပြသနေသော “ချစ်သူ့နယ်နိမိတ်” အမည်ရှိ ဇာတ်လမ်းတွဲ၌ ဂျူမုံ ပါဝင် သရုပ်ဆောင် ထားသည်။

အလားတူ မင်းသမီး လီဟားနားသည် အသက် ၂၈ နှစ် အရွယ်ရှိပြီး “Women of the Sun” ၊ “Alone in love” ၊ “Merry Deagu Round Up” စသည့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ မြန်မာပရိသတ်များက “Women of the Sun” ဇာတ်ကားကို နှစ်ခြိုက်အားပေးကြောင်း သိရသည်။

မီဒီယာသမားများနှင့် တွေ့ဆုံပွဲတွင် ပြည်တွင်းဂျာနယ်များ၏ မေးမြန်းချက်များကို မင်းသားနှင့် မင်းသမီးက စကားပြန်များမှ တဆင့် ဖြေကြားခဲ့သည်ဟု သတင်းထောက်များက ပြောသည်။

ပေါ်ပြူလာဂျာနယ်မှ တာဝန်ရှိသူ တဦးက “ဂျာနယ်တိုက်တွေကို သံရုံးက တာဝန်ရှိသူတွေက မေးစေချင်တဲ့ မေးခွန်း တစ်ခုစီ ချပေးပြီး မေးခိုင်းတာပါ။ သူတို့ လက်ခံတဲ့  မီဒီယာတွေကိုပဲ ဖိတ်ကြားပါတယ်။ မနှစ်က ပွဲမှာ သူတို့အဆင်မပြေတဲ့ မေးခွန်း မေးခဲ့တဲ့ လျှပ်တပြက် ဂျာနယ်ကိုတော့ မဖိတ်ဘူးလို့ ကြားပါတယ်။ မင်းသား မင်းသမီးတွေရဲ့ အနုပညာ လှုပ်ရှားမှုတွေ နဲ့ ပက်သက်ပြီးမေးမြန်းခဲ့ပါတယ်” ဟု ဆိုသည်။

ပေါ့ပ် ဂျာနယ်တစောင်က ဂျူမုံအား မြန်မာနိုင်ငံမှ မည်သည့်နေရာများသို့ လည်ပတ်လိုသည်ကို မေးမြန်းရာ “မြန်မာနိုင်ငံမှာ ပုဂံကို လည်ပတ်လိုပါတယ်။ ရွှေတိဂုံဘုရားကိုလည်း ဖူးမြော်ချင်တယ်။ နိုဝင်ဘာ၂၇ ရက်နေ့မှာတော့ ရွှေတိဂုံကို သွားမယ်” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

ကိုးရီးယားချစ်ကြည်ရေး အဖွဲ့သည် နေ့လယ် ၂ နာရီခွဲက ဒဂုံစင်တာ မြေညီထပ်၌ ပရိသတ်များနှင့် တွေ့ဆုံကာ အမှတ်တရ လက်မှတ် ထိုးပေးခဲ့သည်ဟု သတင်းထောက်များက ဆိုသည်။

မင်းသားဂျူမုံအား လာရောက်စောင့်စား ကြသည့် ပရိသတ်မှာ အလွန်များပြားကြောင်း၊ ၎င်း တည်းခိုသည့် ချက်ထရီယမ် ဟိုတယ်တွင်လည်း လူများ ဝိုင်းအုံနေကြောင်း သတင်းထောက်တဦးက ပြောသည်။

ကိုးရီးယား-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ပွဲတော်ကို ၂၀၀၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ယခုနှစ်သည် ၅ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကျင်းပမည့် ရုပ်ရှင်ပွဲတော်တွင် Le Grand Chef (ဒရမ်မာ)၊ Le Grand Chef 2 (ဒရမ်မာ)၊ Scandal Makers (ဟာသ)၊ My Girlfriend is an Agent (ဟာသ၊ အက်ရှင်) စသည့် ဇာတ်ကားများကို တက္ကသိုလ်ရိပ်သာ လမ်းရှိ ကိုးရီးယားသံရုံး တွင်အခမဲ့ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်