ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

E-mail Print
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသည်။

Vijay-Nambiar-Suu-Kyiအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အခုလို တွေ့ဆုံတာဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပါတယ်။ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်ရှိနေပေမယ့် သူရဲ့ အခန်းကဏ္ဍကိုတော့ ကျနော်တို့ လေးစားပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်  သံတမန်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ခံတွေ့ဆုံခဲ့သည်။

သံတမန်အသိုင်းအဝိုင်း၏ အဆိုအရ မစ္စတာ နမ်ဘီယာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အထွေထွေ အတွင်းရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

မစ္စတာ ဂန်ဘာရီထံမှာ တာဝန်ကို လွှဲယူပြီးနောက် ယခု မြန်မာပြည်ခရီးစဉ်သည် မစ္စတာ နမ်ဘီယာ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် မြန်မာပြည်သို့ ၂၀၀၉ ခုနှစ် ဇွန်လတွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်