တရုတ်စပိုင် မြန်မာလုပ်နိုင်ဟု လီကွမ်ယု ပြောဆိုချက် ၀ီကီလိခ် ဖွင့်ချ

E-mail Print
မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာဆီယံနိုင်ငံများအတွင်း၌ တရုတ်အစိုးရ၏ သူလျှိုအဖြစ် ဆောင်ရွက်ဖွယ် ရှိသည်ဟု စင်္ကာပူအကြီးအကဲ မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း နိုင်ငံတကာအစိုးရအဖွဲ့များ၏ ထိပ်တန်းသတင်းများ ကို ဆက်တိုက် ဖွင့်ချနေသည့် ဝီကီလိခ် (WikiLeaks)က ထုတ်ဖော်လိုက်သည်။

wiki“အာဆီယံ အစည်းအဝေး အတွင်းမှာ ဆွေးနွေးခဲ့ ကြတာတွေကို နာရီပိုင်း အတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ လာအို၊ ကမ္ဘောဒီးယား နဲ့ မြန်မာတို့ သတင်းပေးလို့ ဘေဂျင်းကို သတင်းပေါက် နေပြီ”ဟု မစ္စတာ လီကွမ်ယုက ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိမ်းစ် စတိန်းဘတ်နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည် ဟု ဝီကီလိခ် က ဖော်ပြထားသည်။

တရုတ် နိုင်ငံသည် မလက္ကာ ရေလက်ကြား အပေါ်တွင် မှီခိုနေရခြင်းကို စိုးရိမ်နေကြောင်း၊ သို့သော် မြန်မာနိုင်ငံကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တရုတ်တို့၏ မှီခိုမှုများကို လျှော့ချသွားနိုင်ကြောင်း မစ္စတာ လီကွမ်ယုကပြောဆိုသည်ဟု သိရှိရသည်။

ယင်းပိုက်လိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဝင်ရောက်မည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်သည်။

အဆိုပါပြောဆိုချက်များကို စင်္ကာပူနိုင်ငံ အမေရိကန်သံအရာရှိ မစ္စတာ ဒယ်နီယယ် အယ်လ် ရှီးလ် (Mr.Daniel L. Shields) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် ထံသို့ ပြီးခဲ့သည့် ဇွန်လက ပေးပို့ခဲ့သည့် တရုတ် နှင့် မြောက်ကိုရီးယားအပေါ် လီကွမ်ယု၏ အမြင်များ ဟုအမည်ရသော ပေးပို့ချက်တွင် ပါရှိကြောင်း ဝီကီလိခ် တွင် တွေ့ရှိ ရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောဆိုသည့်အခါတိုင်း တရုတ်နိုင်ငံ က အကာအကွယ်ပေးလေ့ရှိကြောင်း၊ တရုတ်အစိုးရသည်လည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် အတန်အသင့် သြဇာ ရှိကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုသည်။

မစ္စတာ လီကွမ်ယုနှင့် တရုတ် တပ်မတော် အကြီးအကဲ မစ္စတာ မာရှောက်ချန် တို့၏ မြောက်ကိုရီးယား နိုင်ငံအပေါ် ယခင်က ဆွေးနွေးချက် အဟောင်းများကိုလည်း ဝီကီလိခ် က ဖော်ပြထားသည်။

မစ္စတာ လီကွမ်ယုက တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားအပေါ် မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်းဟု မေးမြန်းခဲ့ရာ တရုတ် စစ်အကြီးအကဲက ၎င်း (မြောက်ကိုရီးယား) တို့သည် ၎င်းတို့ဘာသာ ရပ်တည်နိုင်သည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

ယင်းတုံ့ပြန်ချက်အပေါ်တွင် မစ္စတာ လီကွမ်ယုက မြောက်ကိုရီးယားနိုင်ငံအား တရုတ်နိုင်ငံမှ အထောက်အပံ့များ ရပ်တန့် လိုက်ပါကလည်း မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆက်လက်ရပ်တည်နိုင်ကြောင်း၊ မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆိုသည်မှာ ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် အပါအဝင် သံအရာရှိ အဖွဲ့ကို ရက်ရက်စက်စက် ဗုံးခွဲ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်မှုများကို လုပ်ဆောင်သည့် ခေါင်းဆောင်များ ဖြစ်ကြောင်း မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဝီကီလိခ် တွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးခွဲမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် က ၎င်း၏ဖခင် ကင်အီလ်ဆွန်း၏ အရိုက်အရာကို မဆက်ခံမီကတည်းက စီမံခန့်ခွဲခဲ့သည်ဟု အများက ယုံကြည်ကြသည်။

ဝီကီလိခ် ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မှတ်တမ်းများမှာ ၃၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် အနည်းစုကို ဖတ်ရှုနိုင်ကာ ကျန်ရှိသည်များကိုလည်း မကြာမီ ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ရသည်။

ဝီကီလိခ် အင်တာနက် စာမျက်နှာအား တည်ထောင်သူ ဂျူလီယန် အာဆန်း(Julian Assange)ကို အင်တာပိုလ်(Interpol) နိုင်ငံတကာ ရဲတပ်ဖွဲ့က ဆွီဒင်နိုင်ငံမှ မုဒိမ်းမှုအတွက် အလိုအပ်ဆုံးတရားခံအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်လိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်