လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ်များ စတင်ရောင်းချ

E-mail Print
လွှတ်တော် အစည်း အဝေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ စာအုပ်များ ယနေ့ စတင် ရောင်းချကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး၊ အမျိုးသား လွှတ်တော် အစည်းအဝေးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည့်အတွက် လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုး ကို ယနေ့မှ စတင်ရောင်းချပေးခြင်းဖြစ်သည်ဟု အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းစာအုပ်များထဲတွင် သမ္မတနှင့် ဒု သမ္မတရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာဥပဒေနှင့် နည်းဥပဒေ၊ နေပြည်တော် ကောင်စီ ဥပဒေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ စသည့်စာအုပ်များ ပါဝင်သည်။

စာပေဗိမာန်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအရောင်းဆိုင်၊ ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများတွင် အဆိုပါဥပဒေနှင့် နည်းဥပဒေ စာအုပ် ၁၇ အုပ် အတွဲလိုက် ကို ၂၉၀၀ ကျပ်ဖြင့် ရောင်းရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

ယနေ့တွင် စာအုပ် ၁၇ အုပ်ထဲမှ ၁၆ အုပ်သာ ရောင်းချခြင်းဖြစ်ပြီး ကျန်သည့်စာအုပ် ၁ အုပ်ကို ၀ယ်ယူထားသည့် ပြေစာပြကာ လာရောက် ထုတ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။

စာအုပ်များမှာ ရောင်းကောင်းပြီး နေလယ်ပိုင်းတွင်ပင် ရောင်း၍ ကုန်သွားကြောင်း ရန်ကုန်မြို့ စာပေဗိမာန်မှ ၀န်ထမ်းတဦးက ပြောသည်။

“ကျမတောင် ၀ယ်ချင်လို့သွားတာ မရတော့ဘူး။ မနက်ဖြန်မနက်စောစောလာမှ သေချာမယ်လို့ပြောတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန် သတင်းနှင့်စာနယ်ဇင်း စာအုပ်အရောင်းဆိုင်မှ ၀န်ထမ်းတဦးကလည်း မိမိတို့ဆိုင်မှ စာအုပ်များမှာလည်း အစောပိုင်း ကတည်းက ကုန်သွားကြောင်း၊ ယနေ့အတွက် စာအုပ်အတွဲ ၅၀ သာ ရောင်းချရန် ၀န်ကြီးဌာနမှ လာချပေးကြောင်းပြောသည်။

သတင်းနှင့်စာနယ်ဇင်း စာအုပ်ဆိုင်တွင်မူ စာအုပ် ၁၇ အုပ်အတွက် ကျပ် ၃၀၀၀ ဖြင့်ရောင်းချကြောင်း သိရသည်။

အဆိုပါ ဥပဒေနှင့် နည်းဥပဒေစာအုပ်များအား ၀ယ်လာသည့် ရန်ကုန်အခြေစိုက်သတင်းထောက်တဦးကလည်း ယနေ့နံနက် စော စောကတည်းက စာပေဗိမာန်တွင် လာရောက် ၀ယ်နေသူများကြောင်း ပြောပြသည်။

“အရမ်းကြီး တိုးကြိတ်နေတာတော့မဟုတ်ဘူး။ ဒါပေမယ့် လူတော်တော်များများ လာဝယ်ကြတာတွေ့တယ်။ တယောက်ကို တတွဲပဲရောင်းပေးတယ်”ဟု ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်