ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်

E-mail Print
နာမည်ကြီး စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ (၆၄) နှစ်သည် ယနေ့နံနက် ၄ နာရီ ၂၀ ခန့် က ရန်ကုန်မြို့ နေအိမ်တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချိုချိုရီနှင့်အတူ သမီးကြီး စာရေးဆရာမ ၀ါနု၊ သားဖြစ်သူ သရုပ်ဆောင် ပြေဇင် နှင့် ဥက္ကာ၊ မြေးဖြစ်သူ ပန်းနု တို့ ကျန်ရစ်ခဲ့သည်။

၎င်း၏ ရုပ်ကလာပ်ကို လာမည့် ကြာသာပတေးနေ့ ညနေ ၃ နာရီအချိန်တွင် ရေဝေး သုသာန်၌ သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရ သည်။

ဒါရိုက်တာမောင်ဝဏ္ဏသည် စစ်ပြီးခေတ် နာမည်ကြီး စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ ဒေါ်ခင်ညို တို့၏ အကြီးဆုံးသားဖြစ်ပြီး မွေး ချင်း ညီအစ်ကို လေးဦးတွင် အကြီးဆုံးဖြစ်သည်။

ညီဖြစ်သူ သုမောင်၊ မင်းလူ၊ ရူပ၊ အာယု တို့မှာလည်း အနုပညာလောက နှင့် စာပေလောကတွင် နာမည်ကြီး စာရေးဆရာ၊ အဆို တော်၊ ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မေလအတွင်း ညီဖြစ်သူ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် သုမောင် ကွယ်လွန်ခဲ့သည်။

မောင်ဝဏ္ဏသည် ချင်းတွင်း မဂ္ဂဇင်း၌ “သူလို ကိုယ်လို မောင်ဝဏ္ဏ”အခန်းဆက် ဆောင်းပါးများကို မကွယ်လွန်မီ ၆ လခန့် အထိ ဆက်လက်ရေးသားခဲ့ကြောင်း၊ ရောဂါ ခံစားရသည်ဆိုမှ စာရေးခြင်း အလုပ်ကို အနားယူခဲ့ခြင်း ဖြစ်သည်ဟု သားဖြစ်သူ သရုပ်ဆောင် ပြေဇင် က ဆိုသည်။

“အဖေက သားသမီးတွေနဲ့ ပတ်သက်လို့ အမှတ်တရတွေက အများကြီးထားခဲ့တယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။

ထို အခန်းဆက် ဆောင်းပါးများတွင် ၁၉၆၂ ခုနှစ် ပြည်သူပိုင်မသိမ်းခင် စာသင်ကျောင်းနှင့် ပညာရေးစနစ် အကြောင်း၊ တက္ကသိုလ် ကျောင်းသားဘ၀ ၁၉၇၄ ခုနှစ် နောက်ပိုင်း နိုင်ငံရေးနှင့် ပတ်သက်၍ ခေတ္တ အထိန်းသိမ်းခံရပုံ၊ ထို့နောက် ဖခင် ဦးသာဓု ထံတွင် ရုပ်ရှင်ပညာကို သင်ကြားရင်း စာပေနှင့် ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့ပုံများကို ရေးသားထားသည်။

ထို့အပြင် နာမည်ကြီး စာရေးဆရာများဖြစ်သည့် ရှုမ၀ ဦးကျော်၊ သော်တာဆွေ၊ အောင်လင်း၊ မင်းကျော် တို့နှင့် ထိတွေ့ဆက်ဆံခဲ့ ရပုံ၊ ပဲခူး ဒေးစွန်ပါ သို့ အရက်ဖြတ်ရန် သွားရောက် တရားစခန်း ၀င်ပုံ၊ စာရေးဆရာများနှင့်အတူ  ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းရှိ မြို့များသို့ စာပေဟောပြောပွဲ သွားရောက်ရာ ထိုဒေသများ၏ လူနေမှု ဓလေ့များကို ဖော်ပြထားသည်။

စာပေနှင့် ပတ်သက်၍ ပထမဆုံး ၀တ္တုတို ဖြစ်သော “လေထဲက အိပ်မက်ကလေး”ကို ၁၉၇၄ ခုနှစ် ရှုမ၀ မဂ္ဂဇင်းတွင် ဖော်ပြခံ ရ သည်ဟု စာရေးဆရာ ၀င်းငြိမ်းနှင့် တွေ့ဆုံခန်းတခုတွင် ပြောကြားခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ပထမဆုံး ရိုက်ကူးသည့် “ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း” ဇာတ်ကားဖြင့် ဒါရိုက်တာ အကယ်ဒမီဆုကို ရရှိခဲ့သည်။


ယင်းရုပ်ရှင်မှာ စာရေးဆရာ မောင်သာရ၏ နာမည်ကြီး ၀တ္တုတပုဒ်ဖြစ်သော “ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း” ၀တ္တုကို ပြန်လည် ရိုက်ကူးခြင်းဖြစ်ပြီး ၎င်းဇာတ်ကားရိုက်ကူးမည်ဆိုစဉ်က ရုပ်ရှင်အတွက် ဖန်တီးထားခြင်း မဟုတ် ၀တ္တု အနေဖြင့်သာ ရေးသားခြင်း ဖြစ် သည့်အတွက် ရိုက်ကူးရန် မသင့်ကြောင်း စာရေးဆရာ မောင်သာရ က ပြောဆိုသည်ဟု “သူလိုကိုယ်လို မောင်ဝဏ္ဏ”တွင် ရေး သား ထားသည်။

ထို့နောက် ဇာခန်းဆီး နောက်ကွယ်မှာ၊ ခြေဖဝါးတော်နုနု၊ နှောင်းတမြေ့မြေ့၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ ၊ ခုနစ်စဉ်အလွမ်း၊ ရယ်စရာ မောစရာ၊ ရင်ထဲက ဆောင်းရာသီ စသည့် နာမည်ကြီး  ဇာတ်ကားများကို ဆက်လက် ရိုက်ကူး ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် ဒုတိယ အကြိမ် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆုကို ရရှိခဲ့သည်။

ခြေဖ၀ါးတော်နုနုမှာ စာရေးဆရာ အောင်လင်း ၏ ၀တ္တုတပုဒ်ဖြစ်ပြီး ယခင်က ရှုမ၀ ဦးကျော်မှ ရုပ်ရှင်ရိုက်ရန် စီစဉ်ထားသည့် ဇာတ် ကား တကားဖြစ်သည်ဟု သိရသည်။

“ပန်းတွေနဲ့ဝေ”ဇတ်ကားသည် ၎င်းကိုယ်တိုင် ရေးသားသည့် ရန်ကုန်တက္ကသိုလ် နောက်ခံ အချစ်ဇာတ်လမ်း ၀တ္တုတပုဒ်ဖြစ် ပြီး ထိုခေတ် လူငယ်ထု အပေါ်တွင် များစွာသြဇာ သက်ရောက်ခဲ့ကြောင်း မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်က ပြောသည်။

“သူဖန်တီးတဲ့ ရုပ်ရှင်တွေက လူငယ်ဘ၀မှာ သိပ်ကြိုက်ခဲ့ရတယ်၊ အထူးသဖြင့် “ပန်းတွေနဲ့ဝေ”က အချစ်ကို နူးနူးညံ့ညံ့လေးဖွဲ့ပြီး  တက္ကသိုလ် ရဲ့ အရသာကို အများကြီးခံစားရတဲ့ ရုပ်ရှင်ပေါ့”ဟု ၎င်းက ဆိုသည်။

အနုပညာအပေါ်တွင် ရိုးသားပြီး သဘာဝနှင့် ပတ်သက်၍ ရသမြောက်စွာ ထိထိမိမိ သရုပ်ဖော်နိုင်သည့် စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက် တာ တယောက် ဆုံးရှုံးသွားသည့် အတွက်ကြောင့် နှမြောမိကြောင်းလည်း ဆရာဆူးငှက်က ဆက်လက်ပြောဆိုသည်။

ပန်းတွေနဲ့ ဝေ သီချင်းကို နာမည်ကြီးအဆိုတော် စန္ဒာရားလှထွဋ်က ဇာတ်ဝင်သီချင်းအဖြစ် ဖန်တီးခဲ့ရာ လူအများကြိုက်နှစ်သက် သည့် သီချင်းတပုဒ်ဖြစ် ခဲ့သည်။

ဒါရိုက်တာ မောင်ဝဏ္ဏ သည် မောင်စိန်သောင်းနှင့် မနှင်းရည် ၀တ္တုတိုများ၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့ သူငယ်လေ၊ အိပ်မက်စိမ်း၊ အရွယ် လွန်၊ တွေဝေနေသည်၊ ချစ်စခင်စ မှော်ရုံမှာလေ၊ မောင့် အပြင် မောင့်ညီကိုတွေ့ မောင့်အလွမ်းပြေ အစ ရှိသည့် လုံးချင်း ဝတ္ထုပေါင်း များစွာကိုလည်း ရေးသား ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်