အာဆီယံ အမတ်များနှင့် NLD တွေ့ဆုံ

E-mail Print
အာဆီယံ လစ်ဘရယ် ဒီမိုကရက် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟို အလုပ် အမှုဆောင် အဖွဲ့ကို ယမန်နေ့က တွေ့ဆုံခဲ့သည်။

nld400271“မနေ့ မွန်းလွဲပိုင်း ၂ နာရီကနေ ညနေ ၃ နာရီခွဲလောက်အထိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပါတီရုံးချုပ်မှာတွေ့တယ်။ ညနေ ၄ နာရီမှာတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့နေအိမ်မှာပဲ သွားရောက်တွေ့ဆုံကြပါတယ်”ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

အဆိုပါအဖွဲ့တွင် အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား ၊ ထိုင်း ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များအပြင် သီရိလင်္ကာ လွှတ်တော်အမတ် တဦးပါဝင်ကာ အရှေ့အာရှဒေသအတွင်း ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံရေး ကွန်ရက်သဖွယ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လာရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“အရှေ့အာရှဒေသအတွင်းမှာ ဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာရေးအတွက် သူတို့ရဲ့ဆောင်ရွက်နေမှုတွေကို ပြောတယ်။ အဖွဲ့ချုပ်ရဲ့ ဆောင်ရွက်မှုတွေ ၊ အခက်အခဲတွေကိုလည်း သူတို့ မေးမြန်းဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း ဒီအချက်တွေကိုပဲ ပြောကြဆိုကြတာပါ”ဟု ဦးအုန်းကြိုင်က ပြောသည်။

ယခုလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာအပြီး အာဆီယံဒေသတွင်းမှ နိုင်ငံရေး ခေါင်းဆောင်များနှင့် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၄ တွင် မြန်မာနိုင်ငံက တာဝန်ယူရန် ပြင်ဆင်နေသည်ဆိုသော သတင်း အာဆီယံ သံတမန်အသိုင်းအ၀ိုင်းအတွင်း ပေါ်ထွက်နေစဉ် ပါတီအဖြစ်မှ ရပ်စဲကြောင်း ကြေညာခြင်းခံထားရသည့် NLD ပါတီကို အာဆီယံ လွှတ်တော် အမတ်များက သွားရောက်တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင်၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟုဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ(၁၀) ခုကို တရား ၀င် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

ထိုကဲ့သို့ ကြေညာခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားရင်ဆိုင်ခဲ့ပြီး ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ် သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထား သည်။

ပါတီ ရပ်တည်ခွင့် ပယ်ချခံရမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြရန် NLD ပါတီက ဆုံးဖြတ် ထား သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်