DKBA က နအဖ တပ်စခန်းကို တိုက်ခိုက်

E-mail Print
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌ နအဖ စစ်အစိုးရ ဗျူဟာ တည်ရှိရာ တောင်သုံးလုံး စခန်းကို တိုးတက်သော ဗုဒ္ဓ ဘာ သာ ကရင် အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့ဝင်များက ယမန်နေ့ ည ၁၂ နာရီခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

“လက်ရှိ ရန်သူတွေဟာ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးဟာ အဲဒီလမ်းကြောင်း တခုပဲ စစ်ကူတွေ၊ ရိက္ခာတွေ အဲဒီလမ်း ကြောင်း ကပဲ လာတယ်၊ ကျနော်တို့ အဲဒီနေရာကို တိုက်လိုက်တဲ့အတွက်ကြောင့် အဲဒီလမ်းကြောင်းမှာ ဖြတ်သန်းသွားလာနေတဲ့ ရန်သူ ကို အဟန့်အတားဖြစ်အောင် တိုက်ခိုက်တာဖြစ်တယ်”ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူး စန်းအောင်က ဧရာဝတီသို့ ပြော သည်။

ယခုတိုက်ခိုက်မှုကို မြန်မာ စစ်အစိုးရက မျှော်လင့်မထားသကဲ့သို့ အချိန်မရွေး နေရာမရွေး တိုက်ခိုက်နိုင်ကြောင်းကို ပြသ လိုက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

ယင်း တောင်သုံးလုံး စခန်း၌ တပ်စွဲထားသော တပ်များမှာ နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၉ လက်အောက်ခံ ခြေမြန်တပ် ရင်း (ခမရ) ၃၅၆ နှင့် ၃၅၇ တို့ ရှိကြောင်း သိရသည်။ ထိခိုက် သေဆုံးမှု အခြေအနေများကို မသိရှိရသေးပေ။

နအဖ ၏ တောင်သုံးလုံး တပ်စခန်းသည် ကော့ကရိတ်မြို့နှင့် ၃ မိုင်ခန့် အကွာအဝေးတွင် ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျေးရွာ ဒေသခံများသည် နီးစပ်ရာဆွေမျိုးများထံနှင့် ထိုင်းနိုင်ငံဘက်သို့ တိမ်း ရှောင်နေကြရကြောင်း ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေးဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က ပြောသည်။

ယမန်နေ့ကလည်း DKBAတပ်ဖွဲ့နှင့် စစ်အစိုးရ တပ်များ မြ၀တီမြို့နယ် ကျောက်ခက် ဒေသ အနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဖလူးကျေးရွာ ဒေသခံ အမျိုးသမီး တဦးက ပြောပြသည်။

တိုက်ပွဲများတွင် စစ်အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိုင်းနယ်မြေအတွင်းသို့ ကျရောက်ပေါက်ကွဲသောကြောင့် နယ်စပ်ရှိ ထိုင်းစစ်တပ် ကားတစီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်သည်၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သည်။

မြန်မာ စစ်တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရ မြို့နယ် ဝေါ်လေရွာ နယ် စပ်၌ လုံခြုံရေး ကင်းလှည့်နေသော ထိုင်း စစ်တပ် ကားအနီး ကျရောက် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိုင်း စစ် သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ် တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း၂ လ ကျော် ကြာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့် တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင်အများစုက ပြီးခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းတွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်