တိုက်ပွဲကြောင့် ထိုင်း နှင့် မြန်မာ ၁၀၀၀ ခန့် တိမ်းရှောင်ရ

E-mail Print
ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း ယနေ့နံနက်က ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဖုတ်ဖရ မြို့နယ် မိုးကဲရွာနယ်စပ်သို့ ၁၂၀ မမ လက်နက်ကြီးကျည် ၁၀ လုံးကျော် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံထိုင်းရွာသား ၇၀၀ ခန့်ထွက် ပြေး တိမ်းရှောင် ကြရသည်။

fire4001မြ၀တီခရိုင် အူးကလေးထာ့ ဒေသရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်(DKBA) တပ်မဟာ ၅ ၏ စစ်ရေး အချက်အခြာကျသည့် တပ်စခန်းတခုကို ယနေ့နံနက်က နအဖ တပ်တပ်များက လက်နက်ကြီးများဖြင့်ထိုးစစ်ဆင် တိုက်ခိုက်ရာမှ လက်နက်ကြီးကျည်များ ထိုင်းဘက် ကျရောက်ခြင်းဖြစ်သည်။  

တိုက်ပွဲကြောင့် မြ၀တီခရိုင် အူးကလေးထာ့ဒေသရှိ သေ့ဘောဘိုး၊ ၀ါးမီထာ့၊ ဘလယ်ဒို့၊ ရွာသစ် အပါအ၀င် ရွာပေါင်း ၁၀ ရွာ ခန့်မှ ရွာသား ၃၀၀ ကျော်လည်း ထိုင်းနိုင်ငံ မိုးကဲရွာသို့ ထွက်ပြေးရောက်ရှိလာသည်။

ထွက်ပြေးရောက်ရှိလာသည့် မြန်မာရွာသားများကို ထိုင်းဘက်က ယာယီခိုလှုံခွင့်ပေးထားပြီး တိုက်ပွဲများပြီးဆုံးလျှင် နေ ရပ်သို့ပြန်ကြရမည်ဟု ထိုင်းအာဏာပိုင်များကပြောကြားသည်။ ယနေ့ရောက်ရှိလာသူများကို ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)အပါအ၀င် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတချို့က အကူအညီများပေးထားသည်။

ယနေ့နံနက်ပိုင်းက စတင်သည့်တိုက်ပွဲမှာ ပြီးဆုံးခြင်းမရှိသေးသည့်အတွက် ဘေးလွတ်ရာတိမ်းရှောင်နေရသည့် ထိုင်းနှင့်မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ဖုတ်ဖရ မြို့နယ်အတွင်းရှိ ထိုင်းစစ်တပ် အမှတ်(၁၇၄၃) တပ်ရင်း အတွင်း နေရာ ချထားပေးသည်ဟု စစ်ပြေး ဒုက္ခသည်များက ပြောဆိုသည်။

တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ DKBA တပ်မဟာ ၅ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က"ဒီနေ့တိုက် ပွဲကကြမ်းတယ်၊ ကျနော်တို့ဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်တာ အလုံး ၁၀၀ လောက်ရှိပြီ၊ ရင်ဆိုင်တိုက်ပွဲကတော့ အခုချိန်ထိမပြီးသေးဘူး၊ နအဖဘက်က ညဘက်တွေမှာ ထိုင်းဘက်ခြမ်းကနေကျနော်တို့ကို ၀င်တိုက်ဖို့ရှိတယ်၊ သူတို့ဘယ်က၀င်ဝင် လာတဲ့ဘက်ကို ကျနော်တို့တိုက်မှာပဲ"ဟု ဧရာဝတီသို့ ပြောသည်။fire4002

ယနေ့ တိုက်ပွဲမှာ ညနေ ၅ နာရီအချိန်အထိ ပြီးဆုံးခြင်းမရှိသေးဟု DKBA တပ်မှူးတဦးက ပြောကြားသည်။ ထိုင်းဘက် နယ်စပ် တလျှောက်တွင်လည်း ထိုင်းစစ်တပ်မှလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပုံမှန်ထက် တိုးမြှင့်ချထားသည်ဟု ထိုင်းကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

မြ၀တီခရိုင်အတွင်းဖြစ်ပွားနေသည့် DKBA နှင့် နအဖ တပ်များတိုက်ပွဲတွင် ယနေ့နှင့်ယမန်နေ့ ၂ ရက်အတွင်း နအဖ တပ် ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁၅ လုံးခန့် ထိုင်းနိုင်ငံ ဖုတ်ဖရ မြို့နယ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုင်း စစ်ကား ၁ စီး ပျက်စီးကာ စစ်သည် ၂ ဦးဒဏ်ရရှိခဲ့သည်။

ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထား ခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း၂ လ ကျော်ကြာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ ရာနှင့်ချီ၍ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်