ကြက်ငှက်တုပ်ကွေး ဖြစ်နေသော်လည်း ကြက်ဈေးမြင့်တက်

E-mail Print
မြန်မာနိုင်ငံတွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားနေ သော်လည်း ကြက်သားစားသုံးမှု ကျဆင်းသွားခြင်း မရှိဘဲ ဈေးနှုန်းများ မြင့်တက်လာကြောင်း အသားတိုးကြက် မွေးမြူထုတ်လုပ် ရောင်းချသူများ အသင်းမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံ နေရာအများအပြားတွင် ဖြစ်ပွားလျှက် ရှိသော်လည်း မင်္ဂလာတောင်ညွန့် ကြက်ဘဲဒိုင်သို့ ကြက်ဘဲ ဝင်ရောက်မှုမှာ တနေ့လျှင် ပိဿာချိန် ၃ သောင်းခွဲ အထက်တွင် ရှိနေကြောင်း အသားတိုး မွေးမြူထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ရန်ကုန်ဈေးကွက်အတွင်း ဖေဖော်ဝါရီလဆန်းပိုင်းက ကြက်သား တပိဿာလျှင် ကျပ် ၄၂၀၀ ရှိနေရာမှ ယခုအခါ ကျပ် ၄၇၀၀ သို့ မြင့်တက်လာကြောင်း ကြက်ဘဲ လက္ကားရောင်းချသူ တဦးက ပြောသည်။

“ကြက်ငှက်တုပ်ကွေးဖြစ်ပေမယ့် ကြက်သားဈေးကတော့ တက်တောင် တက်သွားတယ်။ သယ်ယူစရိတ်နဲ့ ထုတ်လုပ်မှုစရိတ် မြင့်လာလို့ တက်တာပါ” ဟု ၎င်းက ဆိုသည်။

ကြက်သား လက်လီဈေးကွက်၌လည်း ယခင်လများက တဆယ်သားလျှင် ၄၀၀ ကျပ်မှ ယခုရက်ပိုင်းတွင် ၆၀၀ အထိ ဈေးမြင့်တက် လာကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။

မြန်မာနိုင်ငံဒေသတချို့တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားလျှက်ရှိသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ရောဂါ မပြန့်ပွား စေရန် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အားနည်းလျက်ရှိကြောင်း၊ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသည့် ဒေသ များတွင်သာ ဆောင်ရွက်သည်ကိုတွေ့ရကြောင်း တိရစ္ဆာန်ဆေးကု ဆရာဝန်တဦးက ဆိုသည်။

“အမှန်ဆို ဖြစ်တဲ့နေရာလေးပဲ ကွက်လုပ်နေလို့မရဘူး။ ကြက်မွေးတဲ့ သူတွေထဲမှာကို ကြက်ငှက် တုပ်ကွေးဆိုတာ ဘာမှန်းမသိသေးတဲ့သူတွေ ရှိနေတယ်။ ဒါအားနည်းချက်ပဲ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေ ကျေးရွာအုပ်စု ဘုမေ လက်သမားကျေးရွာတွင် မွေးမြူထားသော ဥစားကြက်များတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါကို ၂၀၁၁ ဇန်န၀ါရီလ ၁၂ ရက်နေ့က စတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုလ ၂ ရက်နေ့က လည်း စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဗိုလ်မြ ရပ်ကွက်ရှိ ကြက်ခြံ ၂ ခြံ တွင်အပြင်းစား ကြက်ငှက် တုပ်ကွေးရောဂါ တွေ့ရှိ ကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယခုလဆန်းကလည်း နေပြည်တော်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသောကြောင့် နေပြည်တော် ဈေးကြီး များတွင် ကြက်သားမရောင်းချရန်နှင့် ကြက်၊ ဘဲများကို စားသုံးခြင်း မပြုရန် နှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။

၂၀၁၁ ဇန်န၀ါရီလအတွင်း မြန်မာ၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့် မြောက်ကိုရီးယား နိုင်ငံတို့၌ ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကြေညာချက်အရ သိရသည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၆၃ နိုင်ငံ ရှိကြောင်း၊ ၁၅ နိုင်ငံတွင် လူ ၅၁၇ သို့ ကူးစက်ပြီး ၃၀၆ ဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်