မိုင်းဖုန်း ဆရာတော် မွေးနေ့ မြန်မာ နိုင်ငံသားများ လာရောက် ပူဇော်ကြ

E-mail Print
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ၀ိန်းကျောက် ရွာတွင် ကျင်းပသော မိုင်းဖုန်း ဆရာတော် ဦးဥာဏသံဝရ၏ သက်တော် ၄၆ နှစ်ပြည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံမှ သံဃာတော်များ အပါအ၀င် လာရောက် ပူဇော်ကန်တော့ ကြသူပေါင်း သိန်းချီရှိကြောင်း သိရသည်။

{slimbox images/multimedia/Monk/01.jpg,images/multimedia/Monk/01-sm.jpg, မိုင်းဖုန်း ဆရာတော် မွေးနေ့ပွဲလာ ထောင်နှင့်ချီသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ - SHAN);images/multimedia/Monk/02.jpg,images/multimedia/Monk/02-sm.jpg, ဆရာတော် မွေးနေ့အား ပူဇော်ရန် လာရောက်သူများကို ယာယီတဲများဖြင့် တွေ့ရစဉ် (ဓာတ်ပုံ - SHAN); images/multimedia/Monk/03.jpg,images/multimedia/Monk/03-sm.jpg, မြန်မာ နိုင်ငံဘက်မှ လူအပြည့်အကြပ် တင်ဆောင်လာသည့် မွေးနေ့ပွဲလာ ကားများ (ဓာတ်ပုံ - SHAN); images/multimedia/Monk/04.jpg,images/multimedia/Monk/04-sm.jpg, မွေးနေ့ပွဲ ကျင်းပရာ အချက်အချာ နေရာတွင် ဖူးမြော် တွေ့မြင်ရသည့် စေတီတဆူ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Monk/05.jpg,images/multimedia/Monk/05-sm.jpg, မိုင်းဖုန်း ဆရာတော်၏ ပုံတော်ကို ပူဇော်နေကြသူများ (ဓာတ်ပုံ - SHAN); images/multimedia/Monk/06.jpg,images/multimedia/Monk/06-sm.jpg, မိုင်းဖုန်း ဆရာတော် (သင်္ကန်း အ၀ါရောင်နှင့်) မှ လာရောက် ပူဇော်သူများကို လက်ခံတွေ့နေစဉ် (ဓာတ်ပုံ - SHAN)}

ဇန်န၀ါရီလ ၅ ရက်နေ့တွင်ကျရောက်သော အဆိုပါ မိုင်းဖုန်း ဆရာတော်(၀န်းန်စွန့်မ်)၏ မွေးနေ့ပွဲကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဘက်မှ သံဃာတော်များနှင့် ဒကာဒကာမ များစွာလာရောက်ကြသည်ဟု ယင်းမွေးနေ့ပွဲ သို့ ကိုယ်တိုင် သွားရောက်ခဲ့သည့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“ရှမ်းပြည်အနှံ့က လာကြတယ်၊ မှန်လုံကားတွေ၊ ဘင်ကား၊ ပစ်ကပ်ကားတွေ ၊ ဖိုးဝှီးကားတွေ ရာနဲ့ချီတယ်၊ အထူး သဖြင့် ရှမ်းတွေများတယ်၊ ပလောင်တို့ မုံတို့လည်းလာကြတယ်၊ တခြား ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ရှမ်းပြည်က လူမျိုးစုတွေလည်းလာတယ်၊ ရှမ်းပြည် ၅၆ မြို့နယ်ထဲမှာ တ၀က်ကျော်ကျော် လောက် လာတယ်ပြောတယ်၊ ၀င်လိုက်ထွက်လိုက်၊ လာလိုက်ပြန်လိုက်ပေါ့၊ အားလုံးပေါင်းဆို ၁ သိန်း လောက်ရှိ တယ်လို့ ခန့်မှန်းကြတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

တရုတ်ပြည်ဘက်က ရှစ်ဆောင်ပနား၊ ရွှေလီတို့ရှိ ရှမ်းလူမျိုးများ၊ မြန်မာပြည် ကချင်ပြည်နယ် ဗန်းမော်ဘက်မှ လူများ လာရောက်ကြကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်နှင့် မဲဆောက် စသည့် ဒေသများက ထိုင်းလူမျိုးများလည်း မိုင်းဖုန်းဆရာတော် မွေးနေ့ပွဲသို့ လာရောက် ကြကြောင်းလည်း ဆိုသည်။

ယင်းဆရာတော်၏ ၃ ရက်ခန့် ကျင်းပသည့် မွေးနေ့ပွဲသို့ မြန်မာနိုင်ငံဘက်မှ လာရောက်သူများသည် တဦးလျှင် အနည်းဆုံး ထိုင်း ဘတ်ငွေ ၅၀၀၀ ခန့် ကုန်ကျစရိတ်ရှိကြောင်းသိရသည်။

ဝါတော် ၂၆ ၀ါရှိ မိုင်းဖုန်းဆရာတော်သည် ယခင်က ရှမ်းပြည်နယ် တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာတွင် သီတင်း သုံးနေထိုင်ရာမှ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ကျိန်းသျှာန်မြို့နယ် ၀ိန်းကျောက်ရွာ သို့ ပြောင်းရွှေ့သီတင်းသုံးနေခြင်းဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။

“ဆရာတော် မိုင်းဖုန်းမှာနေတုန်းက ဗိုလ်ချုပ်ခင်ညွန့်နဲ့ သူ့ လက်အောက်ကလူတွေ ခဏခဏလာကြတယ်၊ ဗျူဟာမှူးတို့ တိုင်းမှူးတို့လည်းလာကြတယ်၊ နောက်ပိုင်း သူနဲ့နီးစပ်တဲ့ ပစ္စည်းလေးပါး ဒကာတွေထဲက ထောက် လှမ်းရေးတွေက သတ်ပစ်တာရှိတယ်၊ တခြားအမှုကို အကြောင်းပြပြီး တော့ ပေါ့၊ ဖမ်းတာတွေလည်းရှိတယ်၊ အဲဒါ ဆရာတော်က ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင်ကတည်းက ထိုင်းနိုင်ငံဘက်ကို ထွက်လာတာ၊ ၂၀၀၄ ထဲမှာ ထင်တယ်”ဟု ဦးစိန်ကြည်က ပြောဆိုသည်။

မိုင်းဖုန်းဆရာတော်သည် ငယ်စဉ်ကပင် တရားဓမ္မပွားများခြင်း၊ အကျင့်သီလ မြဲမြံခြင်းတို့ကြောင့် လူအများက လေးစားကြည်ညိုကြကြောင်း၊ ၎င်း၏ ဟောပြောချက်များကို ကျင့်ကြံပြီး အောင်မြင်ကြီးပွားသွားသူများရှိကြောင်း၊ သို့သော် တန်ခိုးရှင်ပုံစံမျိုးမဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။     ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်