လေးဖြူ ပြန်လာပြီ

E-mail Print
နိုင်ငံကျော် အဆိုတော် လေးဖြူ၏ စင်မြင့် ဖျော်ဖြေပွဲများ မကြာမီ ပြန်လည် စတင် တော့မည်ဟု ၎င်း၏ ပင်တိုင် တေးဂီတ အဖွဲ့ Iron Cross (IC) ၀ိုင်းတော်သား တဦးထံမှ သိရသည်။

ပြန်လည် စတင်မည့် ဖျော်ဖြေပွဲကို “မန္တလေး ဆီဒိုးနား ဟိုတယ်မှာ လုပ်မယ်။ လာမယ့် ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားတယ်” ဟု အဆိုပါ IC ၀ိုင်းတော်သားက ပြောပြသည်။

ဤအစီအစဉ်နှင့် ပတ်သက်ပြီး တရားဝင် သတင်း ထုတ်ပြန်ခြင်း မပြုရသေးဘဲ လာမည့် ၁၂ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု ဆိုသည်။

အဆိုတော် လေးဖြူသည် ပြီးခဲ့သည့် ၂ နှစ်ကျော်မှ စတင်ပြီး စင်မြင့် ဖျော်ဖြေပွဲများကို ရှောင်ရှားခဲ့သူ ဖြစ်သည်။ စင်မြင့်ပွဲများတွင် ပျောက်ကွယ် နေခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်တွင် ပြုလုပ်သည့် နာဂစ်မုန်တိုင်း ဒုက္ခသည်များ ရန်ပုံငွေပွဲတွင်သာ တကြိမ် ပြန်လည် ပေါ်ထွက် လာခဲ့သည်။

လေးဖြူ၏ ဖျော်ဖြေပွဲ သတင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့မှ လေးဖြူ၏ ပရိသတ် တဦးဖြစ်သူ ကိုမင်းမင်းက “ဒီမှာ ဘယ်နေ့လုပ်မယ် ဆိုတာတော့ မသိသေးဘူး။ ဂျာနယ်တို့ သတင်းစာ တို့မှာ ကြော်ငြာ ထားတာလည်း မတွေ့သေးဘူး။ ကိုလေးဖြူ ဆိုမယ် ဆိုတာတော့ ကြားတယ်။ သူ့ နောက်ဆုံး ထွက်တဲ့ သီချင်းလည်း ဆိုမယ် ဆိုတာ ကြားတယ်။ (လက်မှတ်) ဈေးကြီးရင်တော့ သွားကြည့်ဖြစ်မယ် မထင်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက ပြုလုပ်ခဲ့သော လေးဖြူ ပါဝင်သည့် စတိတ်ရှိုးတွင် လက်မှတ် ရောင်းဈေးများမှာ ကျပ် ၉၀၀၀ မှ ၂၀၀၀၀ အထိ သတ်မှတ်ခဲ့ရာ မြန်မာပြည် စင်မြင့် ဖျော်ဖြေပွဲ လောကတွင် မရှိခဲ့ဘူးသော ဈေးဖြစ်သည်ဟု ရန်ကုန်မြို့နေ IC ပရိသတ် တဦးက ပြောသည်။

အဆိုပါ နာဂစ်ရန်ပုံငွေ ပွဲကို ကမကထ ပြုခဲ့သည့် ALPINE သောက်ရေသန့် ကုမ္ပဏီက ယခု မန္တလေးတွင် ပြုလုပ်မည့်ပွဲကို တာဝန်ယူ စီစဉ်မည်ဟု သိရသည်။

ရော့ခ်အဆိုတော် လေးဖြူသည် ၁၉၉၃ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သော “ကန္တရလမင်း” သီချင်းခွေဖြင့် တရှိန်ထိုး ထင်ရှားလာသူ ဖြစ်သည်။ ပြီးခဲ့သည့် လက ၁၃ ခွေမြောက် တကိုယ်တော် တေးစီးရီး ဖြစ်သော “ဘင်္ဂလား ပင်လယ်အော်” ကို ဖြန့်ချိခဲ့သည်။

လေးဖြူ၏ တကိုယ်တော် စီးရီးများမှာ အရောင်းရဆုံး သီချင်းခွေ များထဲတွင် ပါဝင်ခဲ့သည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်