မြန်မာ့အရေး လှုပ်ရှားမှုကြောင့် စင်္ကာပူ ၂ ဦး အဖမ်းခံရ

E-mail Print
ယမန်နေ့က စင်္ကာပူ အလုပ်သမား ၀န်ကြီးဌာန ရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများ အတွက် ဆန္ဒပြခဲ့သော စင်္ကာပူ နိုင်ငံသား နှစ်ဦး ဖမ်းဆီးခံရပြီး ၅ နာရီအကြာတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက် လာသည်။

စင်္ကာပူ အစိုးရက မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂ ဦးအတွက် အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးခြင်း မရှိသောကြောင့် “မြန်မာ့အရေး လှုပ်ရှားသူများအား ဖိနှိပ်နေခြင်းကို ရပ်ပါ” ဟူသော စာတန်းကို ဆွဲကိုင်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ တဦးဖြစ်သည့် မစ္စတာ ဆီလန်ပါလေ (Seelan Palay) က “ကျနော်တို့ကို အပြစ်ရှိတယ် ဆိုပြီး တရားရုံးက ဆုံးဖြတ်ရင် ထောင် ၃ လအထိ ချခံရနိုင်ပါတယ်။ နောက် ၂ ပတ်အတွင်း ကျနော်တို့ ရုံးထပ်တက်ရဦးမယ်” ဟု ဧရာဝတီသို့ ရှင်းပြသည်။

“စင်္ကာပူမှာက စုဝေးဆန္ဒပြမယ် ဆိုရင် ခွင့်ပြုချက်ရဖို့ မလွယ်ဘူး။  စင်္ကာပူမှာ အာဆီယံ အစည်းအဝေး လုပ်တုန်းက မြန်မာ့အရေး လှုပ်ရှားတဲ့ သူတွေက ဆန္ဒပြကြတယ်။ စင်္ကာပူ အစိုးရက အရမ်း ဒေါသ ထွက်သွားတယ်လို့ ကျနော်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အစိုးရကြောင့် ကျနော် ရှက်မိပါတယ်” ဟုလည်း မစ္စတာ ဆီလန်ပါလေက ဆိုသည်။

မြန်မာ့အရေး လှုပ်ရှားသူများကို စင်္ကာပူ အစိုးရက နှင်ထုတ်ခြင်းသည် အာဆီယံ၏ ပဋိညာဉ်ကို ဆန့်ကျင်လိုက်ခြင်း ဖြစ်ကြောင်း စင်္ကာပူနိုင်ငံမှ ထွက်ခွာရတော့မည့် ကိုမိုးကျော်သူက ပြောကြားသည်။

“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တိုးတက်အောင် ဆိုပြီး ရေးဆွဲထားတဲ့ အာဆီယံ ပဋိညာဉ်ကို စင်္ကာပူကလည်း လက်မှတ် ထိုးထားတယ်။ ဒီအရေးတွေ တိုးတက်အောင်လုပ်တဲ့ လူတွေကို နှင်ထုတ်တာဟာ သူတို့နိုင်ငံ ခေါင်းဆောင်တွေက စပြီး အာဆီယံရဲ့ ပဋိညာဉ်ကို ဆန့်ကျင်တာပဲလို့ ကျနော် ပြောချင်တယ်” ဟု ကိုမိုးကျော်သူက ဧရာဝတီသို့ ပြောပြသည်။

စုဝေး ဆန္ဒပြခွင့်ရရန် ခက်ခဲသည့် စင်္ကာပူတွင် မြန်မာ ပြည်သားများ မြန်မာသံရုံးရှေ့သို့ မကြာခဏ သွားရောက်ပြီး ဆန္ဒပြခဲ့ကြဖူးသည်။

အစိုးရက စင်္ကာပူ အတိုက်အခံပါတီ ခေါင်းဆောင်များ၏ ဝေဖန်မှုများကိုပင် ပြတ်ပြတ်သားသား နှိမ်နင်းလေ့ရှိသည်ဟု စင်္ကာပူရောက် မြန်မာပြည်သား တဦးက ဆိုသည်။

“စင်္ကာပူ အစိုးရက သူတို့လူမျိုး နိုင်ငံသားတွေကိုပါ ဒီမိုကရက်တစ် လှုပ်ရှားမှုတွေ ကူးမှာကြောက်လို့ သူတို့ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ခပ်တင်းတင်း မာမာပဲ တုန့်ပြန်မှာပဲ။ လေးစားရတဲ့ တဦးဦး တဖွဲ့ဖွဲ့က ဖိအား မပေးမချင်းပေါ့။ ဖိအား ပေးဖို့ကလည်း သိပ်မဖြစ်နိုင်ပါဘူး”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်