ထိုင်း ပစ္စည်း မှောင်ခိုတင်သွင်းမှု ရပ်ဆိုင်း

E-mail Print
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ထိုင်းကုန်ပစ္စည်းများ တရားမ၀င် တင်သွင်းနေခြင်းအား ယမန်နေ့မှ စတင်ရပ်ဆိုင်းရန် မြန်မာအာဏာပိုင်များက ကုန်သည်များကို ခေါ်ယူသတိပေးလိုက်သည့်အတွက် နယ်စပ် ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွားကြောင်း သိရသည်။

အင်္ဂါနေ့က မြ၀တီခရိုင်ရှိ ကုန်သည်ကြီးများနှင့် ထိုင်းကုန်ပစ္စည်း သယ်ဆောင်သူများကို ခရိုင်တာဝန်ရှိသူများက ခေါ်ယူ သတိပေးခဲ့သည်ဟု မြ၀တီမြို့ခံ ကုန်သည် တဦးက ပြောသည်။

oil-thai-myanmar“ကုန်သည်နဲ့ ကယ်ရီတွေ အားလုံးကို ခေါ်ပြီးတော့ နေပြည်တော်ရဲ့ ညွှန်ကြားချက်အရ ဒီနေ့ကစပြီး နားလည်မှုနဲ့ ထိုင်း ကုန်တွေခိုးသွင်း နေတာတွေကို ပိတ်လိုက်တယ်၊ ခရိုင်လူကြီးတွေ ပြောတာက မြ၀တီမှာကုန်သည် လုပ်ငန်းပဲ ရှိတယ် ဆိုတာသိတယ်၊ ဒါပေမယ့် နိုင်ငံတော်ကနေ အမျိုးသားရေးအရ ထိုင်းကုန်တွေကို ပိတ်တာလို့ ပြောတယ်၊ သူတို့အဓိက ပိတ်ရတာက မြန်မာနဲ့ ပတ်သက်ပြီး ထိုင်းဘက်ကထားတဲ့ မူဝါဒနဲ့ သဘောထားကို မကြိုက်လို့ ပိတ်တာဖြစ်တယ်၊ ကုန်သည်တွေ အနေနဲ့ သည်းခံစိတ်ရှည် ကြဖို့လိုတယ် ဆိုပြီးတော့ ပြောတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

လက်ရှိကုန်သည်များ တင်သွင်းထားသည့် ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးမည်မဟုတ်ကြောင်း၊ သို့သော် ထပ်မံ တင်သွင်းလာပါက ဖမ်းဆီးအရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်ဟုလည်း မြ၀တီ ကုန်သည် က ဆိုသည်။

ယမန်နေ့မှစတင်ကာ မြန်မာဘက်ခြမ်းရှိ ထိုင်းကုန်ပစ္စည်းများ အဓိကတင်သွင်းသည့် လှေဆိပ်များတွင် စစ်တပ်နှင့် ရဲ တပ်ဖွဲ့ လုံခြုံရေး အင်အားကို ယခင်ထက် တိုးမြှင့်ချထားလိုက်ကြောင်း၊ ထို့ကြောင့် မြန်မာဘက်သို့ တင်သွင်းမည့် ကုန်ပစ္စည်းများ လုံးဝ ရပ်ဆိုင်းနေခြင်းဖြစ်ကြောင်း၊ မြန်မာနှင့် ထိုင်း အပြန်အလှန် တရားမ၀င် ကုန်စည်ကူးသန်းနေသည့် ဂိတ်ပေါင်း ၃၀ ၀န်းကျင်ရှိသော်လည်း အဓိက ဂိတ် ၁၀ ဂိတ်ခန့်သာရှိကြောင်း ကုန်သည်များကပြောသည်။

ထိုင်းဘက်က မြန်မာဘက်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ လူသုံးကုန် ၊ စားသုံးကုန် မျိုးစုံ၊ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ ဆောက်လုပ်ရေး ပစ္စည်းမျိုးစုံ၊ ပလတ်စတစ် ပစ္စည်း မျိုးစုံ၊ စာရေး ကိရိယာပစ္စည်းများ၊ အ၀တ်အထည်များဖြစ်ပြီး မြန်မာ ဘက်က ထိုင်ဘက်သို့ ပရိဘောဂ အပါအ၀င် သစ်တောထွက် ပစ္စည်းများ၊ ဆန်၊ ကြက်သွန် အဖြူ အနီ၊ ငရုတ်၊ ပဲ အမျိုး မျိုး စသည့် လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်း မျိုးစုံနှင့် ချည်ထည်များ တင်သွင်းကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံထုတ် သကြားများ မြန်မာနိုင်ငံသို့ တင်သွင်းနေခြင်းကို ထိုင်းအာဏာပိုင်များက တားဆီး ပိတ်ပင်မှု ပြုလုပ်ခဲ့သည်။

ထိုင်းကုန်သည်တဦးက“တနင်္လာနေ့က ထိုင်းစက်မှုဝန်ကြီး မဲဆောက်ကိုကမ်းနားကိုလာပြီး ထိုင်းဘက်က ကန့်သတ်ကုန် ဖြစ်တဲ့ သကြားကိုမြန်မာဘက်ခိုးပို့နေတဲ့ကိစ္စ လာပြီးစစ်ဆေးတယ်၊ မြန်မာဘက်ပို့မယ့်သကြားတွေကိုလည်း ဖမ်းဆီး တာ တွေရှိတယ်၊ ဒီသတင်းကို သတင်းဌာနတွေကနေထုတ်ပြန်တာတွေရှိတော့ နေပြည်တော်ကအတော့်ကိုစိတ်ဆိုးနေတယ် လို့ ရန်ကုန်က ဗမာကုန်သည် တယောက်က ပြောတယ်”ဟု ဆိုသည်။

မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ခဲ့သည်မှာ ယနေ့အထိဖြစ် သည်။

ယင်းသို့ မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို ပိတ်လိုက်သဖြင့် တရားမ၀င်နည်းဖြင့် ကုန်သွယ်မှုပြုရာ တလလျှင် ဘတ်သန်း ၈၀၀ ဖိုးခန့်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများ အသင်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြော တရားဝင်ဖွင့်လှစ်ထားစဉ်က မြန်မာဘက်သို့တင်ပို့သည့် ထိုင်း ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ထိုင်းဘတ် သန်း ၃၀၀၀ ကျော် ရှိသည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ် တမ်းများအရသိရသည်။

ထိုင်းကုန်ပစ္စည်းများကို တင်သွင်းခွင့်ပိတ်ပင်ထားသော်လည်း မြန်မာဘက်မှ ခရီးသည်များ ထိုင်းဘက်ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခြင်းမရှိကြောင်း မြ၀တီမြို့ခံ တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်