လျှပ်စစ်မီးမရ၍ လျှပ်စစ်ရုံး ခဲပေါက်ခံရ

E-mail Print
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆယ်တန်းစာမေးပွဲ ဖြေဆိုနေချိန် လျှပ်စစ်မီး မရရှိသဖြင့် စာမေးပွဲဖြေမည့် ကျောင်းသားများက ငန်းတေး လျှပ်စစ်ရုံးကို အင်္ဂါနေ့ညပိုင်းက ခဲဖြင့် ပေါက်ခဲ့ကြောင်း သိရသည်။

“ည ၈ နာရီလောက်မှာ ကျောင်းသားတွေ ဆိုင်ကယ် အစီး ၅၀ လောက်နဲ့ ရောက်လာပြီး လျှပ်စစ်ရုံးကို ခဲနဲ့ ၀ိုင်းပေါက်ကြတယ်။ အော်ကြ ဟစ်ကြတာတွေတော့ မရှိဘူး။ ၁၀ မိနစ်လောက် ၀ုန်းဝုန်းနဲ့ ပေါက်ပြီး ပြန်ထွက်သွားကြတာပဲ။ အဖမ်းအဆီးခံရတာတော့ မကြားသေးဘူး။ မော်လမြိုင်မှာ မီး မမှန်တာကြာပါပြီ။ စာမေးပွဲရက်မှာတောင် မီးမပေးလို့ ကျောင်းသားတွေက ခဲနဲ့ထုပြီး ဆန္ဒပြတာပါပဲ”ဟု မော်လမြိုင်မြို့ခံတဦးက ပြောသည်။

အဆိုပါ ခဲနှင့်ပေါက်ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ငန်းတေးလျှပ်စစ်စက်ရုံသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျဝန်ထမ်းတဦးက ၄င်းတို့အနေဖြင့် ယင်းနေ့ရက်တွင် တာဝန်မကျသဖြင့် မသိရှိကြောင်း ဖြေကြားသည်။

မော်လမြိုင် မြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

၂၀၀၉ ခုနှစ်အတွင်းကလည်း လျှပ်စစ်မီးမရသဖြင့် မော်လမြိုင်မြို့ရှိ ဆယ်တန်းကျောင်းသားများက လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ခဲဖြင့် ပေါက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၇ ရက်နေ့မှ ၁၇ ရက်အထိ ဆယ်တန်းစာမေးပွဲများ ကျင်းပနေသည်။

ရန်ကုန် ၊ မန္တလေးတို့တွင်မူ လျှပ်စစ်မီးများ ပုံမှန်ရနေသည်ဟု ဒေသခံများက ပြောသည်။

“ဒီမှာတော့ မီးမှန်မှန်လာနေတာ ၆ လလောက်ရှိပါပြီ။ ဆယ်တန်းစာမေးပွဲတွေ မဖြေခင်ကတည်းကပါပဲ။ ဒီနှစ်ဆယ်တန်းကျောင်း သားတွေ ဖြေနိုင်ကြတယ်လို့လည်း ကြားရပါတယ်”ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး တဦးက ပြော သည်။

ယခင် ဆယ်တန်းစာမေးပွဲများကို အခြေခံပညာဦးစီးဌာန(ရန်ကုန်)မှ မေးခွန်းထုတ်လေ့ရှိသော်လည်း ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် တိုင်းနှင့်ပြည်နယ်ရှိ အခြေခံပညာ ဦးစီးဌာနများက သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အတွက် မေးခွန်းထုတ်ကြောင်း သိရသည်။

ယခုနှစ်တွင် မန္တလေးတိုင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေးတဦး စာမေးပွဲဖြေဆိုနေရာ မန္တလေးတိုင်း၏ ဆယ်တန်းစာမေးပွဲမေးခွန်း များ လွယ်ကူနေသည်ဟု သတင်းကြားရကြောင်း စစ်ကိုင်းတိုင်းမှ ပညာရေးဝန်ထမ်း တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်