လှိုင်သာယာ အလုပ်သမားများ ရပိုင်ခွင့်တောင်းဆို

E-mail Print
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်လူမျိုးပိုင် “တိုင် ယီ” (Taiyi) ဖိနပ်စက်ရုံ၌ အလုပ်သမား ၁၇၀၀ ကျော်က မတ်လ ၈ ရက်နေ့မှ စတင်ပြီး အလုပ်သမား ရပိုင်ခွင့်များ တောင်းဆိုမှု ပြုလုပ်နေကြောင်း သိရသည်။

လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် အချိန်ပိုကြေးရရန် တောင်းဆိုချက်များကို မတ်လ ၉ ရက်နေ့ အထိ မရသေးသည့်အတွက် ယင်းစက်မှုဇုန်အတွင်းရှိ ကျန်သည့် စက်ရုံအလုပ်သမားများပါ မကျေမနပ်ဖြစ်ပွားမှု ပိုမို ကျယ်ပြန့်လာနိုင်သည်ဟု တိုင်ယီ စက်ရုံ အလုပ်သမား တဦးက ဧရာဝတီကို ပြောသည်။

“အခု ကျနော်တို့ စက်ရုံဝန်းကျင်မှာ လုံထိန်းကားတွေ လက်နက်အပြည့်အစုံနဲ့ရောက်နေတယ်၊ ကျနော်တို့က ငြိမ်းငြိမ်းချမ်း ချမ်းပဲ ကိုယ့်ရပိုင်ခွင့်ကိုတောင်းတာပဲလေ၊ အခု ကားခ က အရင်ကလို မဟုတ်တော့ဘူး၊ ကုန်ဈေးနှုန်းကလည်း တအား တက်လာတယ်၊ ကျနော်တို့အလုပ်သမားတွေက ဘယ်လိုမှ စားဝတ်နေရေး အဆင်မပြေတော့ဘူး၊ အချိန်ပိုကြေး ပိုရဖို့ ၊ လစာပိုပေးဖို့တွေ အတွက်က ကိုယ့်ကိစ္စ ကိုယ်ပဲ တောင်းဆိုရမှာပဲ”ဟု ဆန္ဒပြရာတွင် ပါဝင်သူ အလုပ်သမားတဦးက ပြော ဆိုသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက စက်ရုံအလုပ်ရုံ အလုပ်သမားများအနေဖြင့် တနေ့လျှင် အလုပ်ချိန် ၁၀ နာရီထက်မနည်းလုပ်ရပြီး တနင်္ဂနွေ တရက်သာ ပိတ်ရက်ရှိကြောင်း ၊ လစာမှာလည်း တလလျှင် အကြမ်းဖျင်းလစာ ကျပ် ၃၀၀၀၀ ၀န်းကျင်သာရရှိကြကြောင်း သိရသည်။

“အချိန်ပိုကိစ္စ၊ လျော်ကြေးကိစ္စတွေ၊ လစာ တိုးပေးဖို့ပြောထားတာတွေ ကြာပြီ၊ ဒါပေမယ့် အခုထိ ဘာမှ ပြန်မပြောဘူး၊ အလုပ်ရှင်က ပြောခဲ့တယ်လေ၊ အခက်အခဲရှိတာတွေကို အလုပ်သမားခေါင်းတွေက တဆင့်တင်ပြလို့ရတယ်ဆိုတော့ တင်ပြထားတယ်၊ အကြိမ်မနည်းတော့ဘူး၊ မရတော့လို့ ငြိမ်းချမ်းစွာ ဆန္ဒပြရတာ”ဟု တိုင်ယီ ဖိနပ်စက်ရုံမှ တခြားသော အလုပ် သမား တဦးက ပြောသည်။

လက်နက်ကိုင် လုံထိန်းကားများ ရောက်လာသည့် ယမန်နေ့က အလုပ်သမားခေါင်းဆောင် သုံးဦးနှင့် အလုပ်ရှင်တို့ကြား ညှိနှိုင်းပေးမည်ဟု ဆိုကာ အစိုးရဘက်မှ တာဝန်ရှိသူတချို့ ရောက်ရှိလာခဲ့ သော်လည်း နောက်ဆက်တွဲ အခြေအနေများကို အသေးစိပ် မသိရှိရသေးပေ။

စစ်အစိုးရက လုံခြုံရေးအထူးတင်းကျပ်ထားပြီး အလုပ်သမားလှုပ်ရှားမှု ပိုမိုပျံ့နှံ့မှုမရှိစေရန် အစွမ်းကုန်လုပ်ဆောင်နေ သည် ဟု အာဏာပိုင်များနှင့်နီးစပ်သူ တဦးက ပြောကြားသည်။

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလကလည်း တိုင်ယီ ဖိနပ်စက်ရုံ၌ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ အလုပ်ရှင်နှင့် ညှိနှိုင်း အဆင်ပြေခဲ့သည့်အတွက် ရပ်တန့်ခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်နှင့် အင်းစိန် အထည်ချုပ်စက်ရုံများတွင် မကြာခဏ အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူ တဦးက မြန်မာစစ်အစိုးရအနေနှင့် အလုပ်သမားများ၏ အရေး ၀င်ရောက်ဖြေရှင်းပေးမှုတွင် လွန်စွာအားနည်းပြီး နိုင်ငံခြားသားအလုပ်ရှင်နှင့် ကြားဝင်ညှိနှိုင်းပေးရာတွင်လည်း အလုပ် သမားများဘက်က ရပ်တည်မှုမရှိဘဲ အလုပ်ရှင်များဘက်ကသာ ကာကွယ်ပေးတတ်ကြသည်ဟု ပြောသည်။

မြန်မာစစ်အစိုးရ နှင့် ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်(ILO)သည် အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်သက်တမ်းကို ဖေဖော်ဝါရီ လကုန်ပိုင်းက သက်တမ်း တနှစ် ထပ်မံ တိုးထား သည်။ ယင်း သက်တမ်း တိုးမှုသည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ၂၆ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာနှင့် အစည်းအဝေးမှတ်တမ်းအား သက်တမ်း တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ILO သည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အဓမ္မလုပ်အားပေး ခိုင်းစေမှုများ၊ ကလေးစစ်သား စုဆောင်းမှုများ ပပျောက်ရေး နှင့် လူကုန်ကူးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပပျောက်ရေးတို့ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရစက်ရုံများနှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများ၌ အလုပ်သမား သိန်းဂဏန်းနှင့်ချီ ရှိနေသော်လည်း တရားဝင် အလုပ်သမားအရေး တင်ပြတောင်းဆိုနိုင်သည့် လွတ်လပ်သော အလုပ်သမားသမဂ္ဂအဖွဲ့များ ဖွဲ့စည်းခွင့်ကို စစ်အစိုးရက ခွင့်ပြုခြင်းမရှိပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်