ဂျပန်ရှိ မြန်မာများ သဘာဝ ဘေးဒဏ် စိုးရိမ်ဆဲ

E-mail Print
အင်အားပြင်း ငလျင်နှင့် ဆူနာမီဒဏ် ခံခဲ့ရသော ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများက သဘာဝ ဘေးအန္တရာယ် ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေပြီး ကြိုတင်ပြင်ဆင်ထား ကြသည်။

Rescuers-walk-through-flattened-buildings-after-the-recent-tsunami-in-Natori-Cityဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြီးခဲ့သည့် သောကြာနေ့က အင်အား ၈. ၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကာ ဆူနာမီ ရေလှိုင်းကြီး ကျရောက်ခဲ့ပြီးနောက် ယနေ့တွင်လည်း နျူကလီယား ဓာတ်ပေါင်းဖိုထပ်မံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းအပေါ် ယင်း ကဲ့သို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။  

ဂျပန်နိုင်ငံတွင် ရာစုနှစ် တခု အတွင်း အကြီးမားဆုံးသော သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်း ဖြစ်ရာ ငလျင်လှုပ်ခတ်ပြီး  နောက် အမြင့် ၃၂ ပေခန့်ရှိ လှိုင်းလုံးကြီးများ ဂျပန်အရှေ့မြောက်ပိုင်း ကမ်းခြေကို ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ၁၁ နာရီ ၁၀ မိနစ်ခန့်က ဂျပန်နိုင်ငံ ဖူကူးရှီးမားမြို့တွင်ရှိသော နျူကလီယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့သောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ကို စိုးရိမ်ကြောင်း ရှင်ဂျုကု မြို့တွင် နေထိုင်သူ ဒေါ်ခင်စန်းယဉ်က ဧရာဝတီ သို့ ပြောသည်။

“လျှပ်စစ် ဓာတ်အား မလုံလောက်ရင် ရထားအသွား အလာက အစပေါ့နော် ရေပေးတာကအစ ဒုက္ခရောက်ဖို့ရှိတယ်၊ ငလျင် ကလည်း တနာရီ တခါလောက် လှုပ်နေတယ်၊ ဒီ နှစ်ပတ်အတွင်းမှာ ပြင်းပြင်း ထန်ထန်လှုပ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာတယ်လို့ သတိ ပေးထားပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းမြို့နယ်တွင် နေသော မြန်မာနိုင်ငံသားများက စားသောက်ကုန်ခြောက် ပစ္စည်းများနှင့် သောက်သုံးရေး ပြတ်လပ်မှုများ ကြုံတွေ့ရပြီး အိမ်သုံးရန်အတွက် သောက်သုံးရေများကို သိုလှောင်ထားရကြောင်းလည်း သိရှိရသည်။

“နောက်ထပ် ငလျင်အတွက် ပြင်ဆင်ထားပြီး ကိုယ့်အတွက် အရေးကြီးတဲ့ စာရွက်စာတမ်းတွေပါတဲ့ ပစ္စည်းတို့ ဘာတို့ အိမ်မှာ တော့ အဆင်သင့်လုပ်ထားတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာမှ အတွင်းရေးမှူး ဦး သောင်း မြင့်ဦးက ပြောသည်။

မြန်မာနိုင်ငံသားများသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အများစု နေထိုင်ကြပြီး စက်ရုံလုပ်ငန်းနှင့် စားသောက်ဆိုင်များတွင် လုပ် ကိုင်နေကြသည်ဟု သိရှိရသည်။

တိုကျိုမြို့တွင် ရှိသော မြန်မာသံရုံးအနေဖြင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများကို အထူး စိုးရိမ်မှုများရှိနေပြီး လိုအပ်သော အကူအညီများ ပေးနိုင်ရန်အတွက် သဘာဝဘေး အန္တရာယ် အတွင်း ထိခိုက်မှုရှိမရှိ အမြန်ဆုံး သိရှိနိုင်ရန် သက်ဆိုင်ရာ ဂျပန် အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ မိဘဆွေမျိုးတချို့ကလည်း ၎င်းတို့၏ သားသမီး၊ မိတ်ဆွေများ ထိခိုက်မှု ရှိမရှိ နေ့စဉ် သံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်မှုများ ရှိကြောင်းလည်း ပြောဆိုသည်။ 

ဆူနာမီလှိုင်းလုံးများက ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့ရှိ နျူကလီယား ဓာတ်ပေါင်းဖိုအား အင်အားပြင်စွာ ၀င်ရောက်ခဲ့သည့်အတွက် အရေးပေါ် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ဂျပန်နိုင်ငံ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချရေးအဖွဲ့(JNISC)က ယမန်နေ့က သတိပေးထားသည်။

ဂျပန်ဝန်ကြီးချုပ်ကလည်း ဂျပန်နိုင်ငံအတွက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ် ကျရောက်နေသူများကို အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြောဆိုကာ အရေးပေါ် အခြေအနေ ကြေညာထားသည်။

နောက်ဆုံး သတင်းများအရ ယနေ့အထိ ခန့်မှန်းခြေ လူဦးရေ ၁ သောင်းကျော်အထိ သေဆုံးနိုင်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်