ဘလတ္တာ နေပြည်တော် သွားမည်

E-mail Print
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ  မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ခရီးအဖြစ် မနက်ဖြန် နေ့လယ်တွင် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ်ဖြင့် လာရောက်မည်ဖြစ်သည်။

FIFA-President-to-Visit-Burmaခရီးစဉ် ရည်ရွယ်ချက်မှာ မန္တလေးမြို့၌ FIFA၏အကူအညီဖြင့် တည်ဆောက်ထားသည့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းဖွင့် လှစ်ပေးရန် ဖြစ်သော်လည်း နေပြည်တော်သို့ သွားရောက်ကာ နောင်အစိုးရသစ်တွင် သမ္မတဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဟု သိရသည်။

ထိုသို့ အစိုးရအသစ်တွင် သမ္မတဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်က FIFA ဥက္ကဋ္ဌအား တွေ့ဆုံခြင်းသည် အရပ်သား အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရန်ကုန်သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ရေးသားထားသည်။

ထို့အပြင် မစ္စတာ ဘလတ္တာအား ၀န်ကြီးချုပ် ဦးသိန်းစိန်သာမက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း လက်ခံ တွေ့ဆုံနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကမူ မစ္စတာ ဘလတ္တာ ၏ ခရီးစဉ်သည် မန္တလေးမြို့တွင် တည်ဆောက်ထားသည့် ဘောလုံး အကယ် ဒမီ ကျောင်း ဖွင့်ပွဲ တက်ရောက်ရန်၊ လက်ရှိ မြန်မာ ဘောလုံးလောကနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ်၏ ဆောင်ရွက်နေမှုများကို စစ်ဆေးရန် ဖြစ်သည်ဟု ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောသည်။

ယင်း ဘောလုံးအကယ်ဒမီကျောင်းကို လွန်ခဲ့သည် ၈ လ ခန့်ကတည်းက ဖွင့်လှစ်ခြင်းဖြစ်ပြီး အသက် ၁၁ နှစ်အောက်၊ ၁၃ နှစ် အောက်၊ ၁၅နှစ် အောက် ဟူ၍ အတန်းသုံးတန်းခွဲထားကြောင်း၊ တတန်းလျှင် ကျောင်းသား ၃၀ဖြင့် စုစုပေါင်း ကျောင်းသား ၉၀ အား ဘောလုံးပညာ သင်ပေး နေကြောင်း သိရသည်။

“ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား ထားတယ်၊ အ၀တ်အစားဆင်ပေးတယ်၊ အစိုးရကျောင်းမှာ စာသင်ပေးပြီး ပညာ သင် ထောက်ပံကြေး ပေးတယ်”ဟု ဦးစိုးမိုးက ဆိုသည်။

ယခု ဖွင့်လှစ်သည့် ဘောလုံးအကယ်ဒမီသည် FIFA ထောက်ပံ့ငွေဖြင့် ဆောက်လုပ်သည်ဟု ဆိုသော်လည်း ကုန်ကျစရိတ် များပြား သည့်အတွက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တခြားသော စီးပွားရေး ကုမ္ပဏီကြီးများ၏ ထောက်ပံ့ငွေလည်းပါဝင်ကြောင်း ဦးစိုးမိုးက ပြောသည်။

အားကစားသတင်းများကို ဖော်ပြနေသည့် Soccermyanmar အင်တာနက်စာမျက်နှာတွင် ယခုဘောလုံးအကယ်ဒမီဆောက်လုပ် ရန် FIFAမှ ထောက်ပံ့သည့်ငွေမှာ အမေရိကန်ဒေါ်လာ ၄သိန်းသာရှိပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂.၅သန်းနီးပါး ကုန်ကျကြောင်း ဦးဇော်ဇော်က ပြောသည်ဟု ရေးသားထားသည်။

နောင်လာမည့် ဘောလုံးအားကစား စီမံကိန်းများအတွက် ထောက်ပံ့ငွေများကိုလည်း FIFAထံမှ ထပ်မံတောင်းခံသွား မည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့တွင် ဒု သမ္မတဖြစ်လာမည့် လက်ရှိ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အလွန်ရင်းနှီးသူ စီးပွာရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။

ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုသော SEA GAME အတွက် ရည်ရွယ်ပြီး နေပြည် တော်၌ တည်ဆောက်နေသည့် ဘောလုံးကွင်း ၂ကွင်း နှင့် အားကစားရွာတည်ဆောက်ခွင့်ကိုပါ ရထားသူဖြစ်ပြီး အာရှတွင် အကြီး ဆုံး စီးပွားရေး ဇုန်ဖြစ်လာမည်ဟု ပြောဆိုနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက် သည့် စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။

မစ္စတာ ဘလတ္တာသည် ဘောလုံးအကယ်ဒမီဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အား ကစားကွင်းရှိ တိုးချဲ့ထိုင်ခုံများ လွှဲပြောင်းပေးအပ်ပွဲကို တက်ရောက်မည်ဖြစ်သည်။ ထို့အတွက်လည်း ယမန်နေ့က အတွင်းရေးမှူး ၁ သီဟ သူရ ဦးတင်အောင်မြင့်ဦး သွားရောက်ကြည့်ရှုကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာဘောလုံးအဆင့်မှာ အရှေ့တောင်အာရှ ဒေသအတွင်းရှိ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယားတို့၏ နောက်တွင်ရှိပြီး FIFA သတ်မှတ်ချက်အရ ၁၆၁ အဆင့်တွင်သာ ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်