နေပြည်တော် ကျောက်ပွဲ တည်းခိုရေး ခက်ခဲ

E-mail Print
နေပြည်တော်တွင် လတ်တလော ကျင်းပနေသည့် ၄၈ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲသို့ လာရောက်သူများအနေဖြင့် နေ ရေး၊ စားရေး အခက်အခဲများရှိကြောင်း ပြပွဲလာကျောက်မျက် ကုန်သည်များက ပြောသည်။

jade_audition“ကျနော်တို့အတွက် ဟိုတယ်အခန်းကလည်း ပြည့်နေတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေးက နေရာချထားပေးတယ် ဆိုပေမယ့် အခန်း မရတဲ့ သူက များပါတယ်”ဟု ရှမ်းပြည်နယ် မူဆယ်မြို့မှ လာရောက်သူ ကျောက်မျက်ကုန်သည်တဦးက ဆိုသည်။

နေပြည်တော်၌ ယခုအချိန်အထိ ဖွင့်လှစ်ပြီး ဟိုတယ်၂၅ လုံးခန့်ရှိပြီး အခန်းပေါင်း ၂၀၀၀ ခန့်ရှိရာ ပြပွဲလာရောက်သူ အားလုံး တည်းခိုရန်မှာ မဖြစ်နိုင်သေးကြောင်း နေပြည်တော်ရှိ ဟိုတယ်ဇုန်မှ မန်နေဂျာတဦးက ပြောကြားသည်။

“ဟိုတယ်တလုံးကို အရင် အခန်း ၄၀ နဲ့ ၅၀ ကြားပဲရှိတာ။ ပြီးခဲ့တဲ့နှစ် ကျောက်မျက်ပြပွဲမှာ ဟိုတယ်တလုံးကို အခန်း ၄၀ အနည်း ဆုံး ထပ်ချဲ့ရတယ်။ ဒါအားလုံးပေါင်းမှ အခန်းပေါင်း ၂၀၀၀ လောက်ပဲ ရှိတယ်။ လာတဲ့ဦးရေက ပြည်တွင်း ပြည်ပ ဧည့်သည် ၈၀၀၀ ကျော်ရှိပါတယ်”ဟု ယင်းက ပြောကြားသည်။

ယခု ကျင်းပနေဆဲ ကျောက်မျက်ပြပွဲသို့  ယမန်နေ့ကအထိ ပြည်ပကုန်သည် ၄၇၀၀ နှင့် ပြည်တွင်းကုန်သည် ၃၉၄၈ ဦး လာရောက် ကြောင်း၊ ကျောက်စိမ်း အတွဲပေါင်း ၂၅၄၂ တွဲ ရောင်းချရကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

ပြပွဲလာရောက်သူ ကုန်သည် ၈၆၄၈ ဦးရှိ၍ တချို့မှာ ဒက္ခဏသီရိမြို့နှင့် ၀န်ထမ်းအိမ်ရာတချို့တွင် လုံးချင်းတိုက်များကို မတန် တဆ ဈေးများပေးကာ တည်းခိုနေရကြောင်းလည်း သိရသည်။

“ကျနော်တို့ဆို ဒက္ခဏသီရိက အိမ်တလုံးကို ငှားနေရတာ၊ ကျောက်မျက်ပြပွဲကာလအတွင်းကို ဒေါ်လာ ၆၀၀၀ ပေးရတယ်။ ကျနော့်ရဲ့ တရုတ်ပြည်က ကုန်သည် ခြောက်ယောက်လည်း ပါတယ်”ဟု မူဆယ် ကုန်သည်က ပြောသည်။

တချို့နေရာများတွင် လုံးချင်းအိမ်ရာများကို တရက်လျှင် ကျပ် နှစ်သိန်း၊ သုံးသိန်းခန့် ပေး၍ ငှားရကြောင်း သိရသည်။

“စားသောက်ဆိုင်တွေကလည်း ဒီ လူ ၈၀၀၀ ကျော်စာကို လုံလောက်အောင်မရှိသေးဘူး။ တချို့ တရုတ် ကုန်သည်တွေကတော့ ဟိုတယ်မှာ ပေါင်းအိုးနဲ့ချက်တယ်။ စားစရာတွေဝယ်ပြီး ချက်ကြတယ်၊ ကျနော်တို့ ဟိုတယ်တွေကလည်း အဆင်ပြေအောင်လို့ မပြောဘဲ နေတယ်”ဟု အထက်ပါ ဟိုတယ်ဇုန် မန်နေဂျာက ပြောဆိုသည်။

နေပြည်တော်ရှိ ဈေးဝယ်စင်တာများ၊ မြို့မဈေး၊ သပြေကုန်းဈေးများတွင် စားသောက်ဖွယ်ရာများ ပြတ်လပ်သည်အထိ ရောင်းနေ ရကြောင်း ဆိုင်ရှင်များက ပြောသည်။

“ဆိုင်တော်တော်များများက နောက်ကျမှ ရောက်ရင် ကုန်ပြီဆိုတာချည်းပဲ။ ခပ်သန့်သန့်ဆိုင်တွေပေါ့ဗျာ၊ မရရင်တော့ တွေ့တဲ့ ဆိုင်ပဲဝင်စားရတာပဲ”ဟု ကုန်သည်တဦးက ဆိုသည်။

ယမန်နှစ်ကမူ ထိုင်ဝမ်မှလာသည့် ကုန်သည်တဦး အစာအဆိပ်သင့်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ သတင်းကို သက် ဆိုင်ရာ က ဖုံးဖိထားကြောင်း နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။

ထို့ကြောင့် ကျောက်မျက်ပြပွဲကာလအတွင်း စည်ပင်ဈေးများဌာနမှ အစားအသောက်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း လည်း စားသောက်ဆိုင်ပိုင်ရှင်များက ပြောဆိုကြသည်။

“နေပြည်တော်မှာက အခြေခံအဆောက်အအုံက ရန်ကုန်လောက် မပြည့်စုံသေးဘူး၊ နောက်တကြိမ် ပြပွဲမှာ ဒီထက်ကောင်းဖို့တော့ မျှော်လင့်ပါတယ်ဗျာ”ဟု ကုန်သည်တဦးက ပြောသည်။

ယခု ၄၈ ကြိမ်မြောက် ကျောက်မျက်ပြပွဲကို မတ်လ ၁၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပနေခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်