ဒေါ်အောင်ဆန်းစုကြည်သား သင်္ကြန်တွင်း ရဟန်းခံမည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris) သည် ယခုသင်္ကြန် ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဒုလ္လဘ ရဟန်းခံမည်ဖြစ်ကြောင်း သိရှိရသည်။

Aung-San-Suu-Kyi-and-her-son-Kim-Arisကိုထိန်လင်းသည် ဧပြီလ ၁၀ ရက် နှင့် ၁၁ ရက်နေ့များ၌ မြန်မာနိုင်ငံသို့ ရောက်လာဖွယ်ရှိကြောင်း နှင့် သင်္ကြန် ရက်များအတွင်း  ရန်ကုန်မြို့ NLD ရုံးချုပ်မှ အဖွဲ့ဝင်များအား ဒေါ်အောင်ဆန်းစုကြည်က မဲနှိုက်ခိုင်း၍ မဲပေါက်သူ ၅ ဦးကိုလည်း ဗဟန်းမြို့နယ်ရှိ ပဏ္ဍိတာရာမ ကျောင်းတိုက် ၌ သင်္ကန်း စီးပေးမည်ဖြစ်ကြောင်း NLD က ပြောသည်။

ကိုထိန်လင်းသည် ယမန်နှစ်က မိခင်ထံ လာရောက်တွေ့ဆုံခွင့်ရချိန်အတွင်း NLD ရုံးချုပ်၌ ကျင်းပသော ဒီဇင်ဘာ ၁ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ပွဲတွင် ပင်နီ တိုက်ပုံနှင့် လည်ကတုံး အင်္ကျီဝတ်ဆင်ပြီး စီးပွားရေးပညာရှင် ဦးမြင့်နှင့် အဖွဲ့၏ တီးခတ်မှုဖြင့် Blowing in the Wind သီချင်းကို သီဆိုကာ ဝေဒနာရှင်များကို အားပေး ဖျော်ဖြေမှု ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည်မှာ ၁၀ နှစ်ခန့် ရှိရာမှ ကိုထိန်လင်းသည် ယမန်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ပထမ အကြိမ် မြန်မာနိုင်ငံသို့ လာရောက်၍ မိခင်ဖြစ်သူနှင့် စတင်တွေ့ခွင့်ရရှိပြီး ယခု ဒုတိယ အကြိမ် လာရောက်မည်ဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်မည်ဟူသော သတင်းများပေါ်ထွက်ခဲ့ပြီးနောက် အသက် ၃၃ နှစ်အရွယ်ရှိ သားငယ် ကိုထိန်လင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ပြည်ဝင်ခွင့် ဗီဇာရရန် လျှောက် ထား၍ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာသည့် နိုဝင်ဘာ ၁၃ ရက်အထိ ပြည်ဝင်ခွင့်မရခဲ့ဘဲ နိုဝင်ဘာ ၂၂ ရက် နေ့တွင်မှ ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၁ နှစ်အတွင်း နေအိမ်အကျယ်ချုပ် ၁၅ နှစ်ခန့် နေခဲ့ရပြီး ခင်ပွန်းနှင့် သား ၂ ဦးဖြစ်သော ကိုမြင့်ဆန်းအောင် နှင့် ကိုထိန်လင်းတို့ကိုလည်း ၁၀ နှစ်ကျော်ကြာ တွေ့ဆုံခွင့် မရခဲ့ပေ။

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ္စသည် ၁၉၉၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန်  ပြည်ဝင်ခွင့်ဗီဇာ တောင်းခံခဲ့သော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ပေ။

၂၀၀၃ ခုနှစ် မေလ အတွင်းက စစ်ကိုင်းတိုင်း ဒီပဲယင်း လုပ်ကြံမှုပြီးနောက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ခါနီး၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ခြံ ၀င်း အတွင်း ရေကူးဝင်ရောက်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့ရာ ၇ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်