ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်များအကြား မကျေနပ်မှုများရှိ

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ထိပ်ပိုင်း ခေါင်းဆောင်များ အကြားတွင် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Yangon-Mayor-Aung-Thein-Lin2
ယင်း အာဏာခွဲဝေမှု ပြဿနာတွင် ယခင်ဝန်ကြီးဖြစ်ခဲ့သော ကြံ့ဖွံ့ပါတီခေါင်းဆောင်များသည် အစိုးရသစ်တွင် ၀န်ကြီးနေရာပြန် လည်မရရှိခြင်းလည်း ပါဝင်သည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းနှင့် လွှတ်တော်အမတ်များက ပြောဆိုကြသည်။

ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော်အမတ် တဦးက“အရင် ၀န်ကြီးဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက လက်ရှိအခြေအနေကို သိပ်ပြီးကြိုက်ပုံမရဘူး။ သူတို့ကပါတီမှာပဲ ကျန်ခဲ့တာလေ။ မတ် ၃၀ ရက် အာဏာလွှဲတဲ့ နေ့ကဆိုရင် အစိုးရသစ်မှာ မပါတဲ့ ၀န်ကြီးတွေအကုန်လုံး မျက်စိပျက်၊ မျက်နှာပျက်နဲ့ လွှတ်တော်တက်ခဲ့ကြတယ်။ သူတို့ပုံစံတွေကြည့်တာနဲ့ကို သိ သာ ပါတယ်”ဟု ပြောသည်။

ကြံ့ဖွံ့ပါတီတွင် ကျန်ခဲ့သော အစိုးရ၀န်ကြီးဟောင်းများသည် ပါတီ၏ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဦးစီးရမည်ဖြစ်သော် လည်း လက်ရှိ ရင်ဆိုင်နေရသော အခြေအနေကို မရောင့်ရဲ မကျေနပ်နိုင်ဘဲဖြစ်နေကြောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် နီးစပ်သည့် ကြံ့ဖွံ့ပါတီ မြို့နယ် ဥက္ကဋ္ဌ တဦးက ပြောဆိုသည်။

“အစိုးရ၀န်ကြီးဘ၀က အဆောင်အယောင်နဲ့ နိုင်ငံတော်ကားစီးခဲ့ရတဲ့ နေရာကနေ ကိုယ်ပိုင်ကားစီးရပြီဆိုတော့ အနည်းနဲ့အများစိတ် ထိခိုက်တယ်။ ပုံမှန်ရုံးတက်နေတဲ့ဘ၀ကနေ အရပ်သားဘ၀ကို ပြန်ရောက်တော့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်တယ်။ အမိန့်ကို မလွန်ဆန်နိုင်လို့သာ၊ ပြုတ်သွားတဲ့ဝန်ကြီးတွေက ကျေနပ်ပုံမရဘူး”ဟု ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့သည် ရန်ကုန်မြို့တွင် လူမှုရေး ဆိုင်ရာ အခမ်း အနားများ တက်ရောက်နေကြပြီး ဧပြီလ၂ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသော ဖျာပုံမြို့မှ ရေလုပ်သားများ အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်ကာ အလှူငွေပေးအပ်ခဲ့ကြောင်း၊ ယင်းသို့ အခမ်းအနား အတူ တက်ရောက်ခဲ့သော်လည်း ဦးဌေးဦးနှင့် ဦးအောင်သိန်းလင်းတို့ နှစ်ဦးမှာ စကားပြောဆိုခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်၌ လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်တွင် ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်များသည် မိမိတို့ တင်ပြ လိုသော အဆိုများ၊ မေးခွန်းများ၊ ဥပဒေများကို လွှတ်တော်တွင် တင်ပြခွင့်မရကြဘဲ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသာ ချထားပေးသည့် မေးခွန်းနှင့်အဆိုများကို မေးမြန်းတင်သွင်းရခြင်း၊ ပါတီ ဗဟိုဦးစီးအဖွဲ့မှ ခွင့်ပြုချက်ယူရခြင်းများပြုလုပ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

“လွှတ်တော်တက်တာလည်း ရက်ကြာလာတော့ ကြံ့ခိုင်ရေးက အမတ်တွေနဲ့ ရင်းနှီးလာတယ်။ အဲဒီတော့ ကျနော်က မေးကြည့် တယ်။ ကြံ့ခိုင်းရေးအမတ်တွေက အဆိုတွေ၊ မေးခွန်းတွေ မတင်ဘူးလားဆိုတော့ သူက ပြန်ဖြေတယ်။ ကြံ့ခိုင်ရေးမှာက ဗဟိုဦးစီး စနစ်ကျင့်သုံးတယ်။ အဆိုတွေ၊ မေးခွန်းတွေ တင်ချင်တိုင်းတင်လို့မရဘူး။ ဗဟိုက ချပေးတာကိုတင်ချင်တင်၊ ကိုယ်တင်ချင်တာ ဆိုရင် ဗဟိုက ခွင့်ပြုချက်ယူရမယ် ပြောတယ်”ဟု အထက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်အများစုသည် လွှတ်တော်တွင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရခြင်းနှင့် ပါတီတွင်း ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်မှုများအပေါ် လွန်စွာစိတ်ပျက်လျက်ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

“ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်ဆိုပေမယ့် တချို့ကစီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေ၊ ဗိုလ်မှူးကြီး
ဟောင်းတွေပါတယ်။ တက္ကသိုလ်က ပါမောက္ခဟောင်းတွေလည်း ပါတယ်။ သူတို့ကတော့လွှတ်တော်မှာ ဘာမှ လုပ်ခွင့်မရတာ စိတ်ပျက်တယ်လို့ ညည်းတယ်။ ပါတီက အရင် မဆလ ပါတီလို ပုံစံမျိုးဖြစ်နေတယ်လို့ ပြောတယ်။ သူတို့က အဲဒီစနစ်ကို သဘော မတူ၊ မကြိုက်ဘူး”ဟု တိုင်းရင်းသား လွှတ်တော်အမတ် တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်