နေပြည်တော်တွင် ၀က်များသေဆုံး

E-mail Print
နေပြည်တော် ပျဉ်းမနားနှင့် ဥတ္တရသီရိမြို့ရှိ ကျေးရွာနှင့် ရပ်ကွက်တချို့တွင် ယခုလဆန်းမှ စတင်၍ ၀က်နားရွက်ပြာရောဂါဟု ယူဆရသော ရောဂါတမျိုးကြောင့် ၀က်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

blue-ear-pigs“မနေ့ကတင် အိမ်က၀က် ၁၀ ကောင်လုံး သေတယ်။ ဒေသခံအာဏာပိုင်ကော၊ တိမွေးကုက ကော ဘာမှ လာ မလုပ်ပေးသေး ဘူး”ဟု ဒေသခံ ၀က်မွေးမြူသူ တဦးက ပြောကြားသည်။

ပျဉ်းမနားမြို့ မြို့ဦးရပ်ကွက်တွင်လည်း ၀က်များသေဆုံးနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရောဂါသည် နေပြည်တော် ပျဉ်းမနားမြို့ တောင်သာရပ်ကွက်တွင် စတင်ဖြစ်ပွားခဲ့ပြီး ကံဦး ရပ်ကွက်၊ သူဋ္ဌေးကုန်း ကျေးရွာနှင့် ဥတ္တရသီရိမြို့များသို့ ကူးစက်ပျံ့နှံ့နေကြောင်း သိရသည်။

“ဖြစ်တာက ကျမတို့ တောင်သာမှာ စဖြစ်တာ။ ၀က်တွေ တော်တော်သေတယ်။ တချို့ဝက်တွေဆို မိခင်ဗိုက်ထဲမှာပဲသေနေ တာ။ တချို့ကတော့ မွေးပြီးပြီးချင်းမှာပဲ ၁၂ ကောင်၊ ၁၃ ကောင်အတွဲလိုက်သေကြတယ်။ ၀က်ကြီးတွေလည်း သေကြတယ်။ ဘယ် လောက်သေကြတယ် ဆိုတာတော့ ကျမ မပြောတတ်ပါဘူး။ ၀က်မွေးကို ခြစ်လိုက်ရင် ၀က်အသားက အပြာရောင် ဖြစ်နေတာတော့ တွေ့ရတယ်”ဟု တောင်သာ ရပ်ကွက်သူ တဦးက ပြောသည်။

နေပြည်တော် ပျဉ်းမနားမြို့ကံဦးရပ်ကွက်သား တဦးကလည်း“ကျနော့်အိမ်ဘေးက အိမ်ကတော့ ၀က် ၅ ကောင် သေသွားတယ်။ ကျနော့် ပတ်ဝန်းကျင်တင် အကောင်၂၀ လောက် သေတယ်။ တရပ်ကွက်လုံး ဆိုရင်တော့ အကောင်ရေ ၇၀ လောက် နီးနီး သေ မယ်ခန့်မှန်းပါတယ်၊ ရောဂါ လက္ခဏာ မပြောပြတတ်တော့ ဘာရောဂါဖြစ်မှန်းတော့ မသိပါဘူး”ဟု ပြောဆိုသည်။

ယခု ၀က်များသေဆုံးရသည့် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရုံးချုပ်သို့ မေးမြန်း ခဲ့ရာ တာဝန်ရှိသူတဦးက မဖြေကြားနိုင်ကြောင်း ပြောဆိုသည်။

ဝက်ဒိုင်ပိုင်ရှင် တဦး၏ ပြောဆိုချက်အရမူ ယခုအထိ သေဆုံးသည့် ၀က်ကောင်ရေ ၂၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုရောဂါဖြစ်သော ၀က်များကို ၀က်ဒိုင်များက ရောဂါဖြစ်ဝက်အရှင် တပိဿာလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ၀က် အသေများကို အကောင်လိုက်ဈေးဖြတ်၍ လည်းကောင်း ၀ယ်ယူကာ ဈေးတွင်ပြန်လည်ရောင်းချနေကြောင်း ၀က်မွေးမြူသူများက ပြောသည်။

“ရောဂါဖြစ်ဝက်အရှင်ကို တပိဿာ ၁၀၀၀ ပေးတယ်။ သေတဲ့အကောင်ကိုတော့ သူတို့ဈေးဖြတ်ချင်သလို ဖြတ်ပေးတယ်။ ပြီးတော့ ဈေးထဲမှာ တပိဿာကို ၆၀၀၀ ကနေ ၈၀၀၀ ကြားပြန်ရောင်းနေကြတယ်။ ဒါကို အာဏာပိုင်တွေကလည်း ဘာမှလုပ်မပေးကြဘူး” ဟု ဒေသခံတဦးက ပြောဆိုသည်။


သို့သော် အဆိုပါ ၀က်နားရွက်ပြာရောဂါသည် ကူးစက်မြန်သော်လည်း ၀က်မှ တိရစ္ဆာန်ချင်း သော်လည်းကောင်း၊ ၀က်မှ လူသို့ လည်းကောင်း ကူးစက်ခြင်းမရှိဘဲ အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် တွင် ချက်ပြုတ် ကြော်လှော် စားသောက်ပါက ရောဂါ ကူးစက်ခြင်း မရှိကြောင်း တိရစ္ဆာန် ဆရာဝန်တဦးက ပြောသည်။

ဝက်နားရွက်ပြာရောဂါသည် ကူးစက်မှုနှုန်း ၅၀ မှ ၁၀၀ ရာခိုင်းနှုန်းကြား၊ သေဆုံးမှုနှုန်း ၂၀ မှ ၁၀၀ ရာခိုင်နှုန်းကြား၊ သားလျှောနှုန်း ၄၀ ရာခိုင်နှုန်း၊ နို့စို့ဝက်ငယ် ၁၀၀ ရာခိုင်နှုန်း၊ ၀က်ငယ် ၇၀ ရာခိုင်နှုန်း၊ ၀က် လတ် ၂၀ ရာခိုင်နှုန်း၊ ကိုယ်ဝန်ဆောင်ဝက်မ ၁၀ ရာခိုင်နှုန်း သေဆုံးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဝက်နားရွက်ပြာရောဂါသည် ၀က်များတွင် အသက်ရှုလမ်းကြောင်း ထိခိုက်ခြင်း၊ မျိုးပွားအင်္ဂါ ထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ယခုအခါ မန္တလေးတိုင်းအတွင်းရှိ ၀က်မွေးမြူသူများအား ၀က်ခြံကို သန့်ရှင်းစွာထားခြင်း၊ ပိုးသတ်ဆေးပုံမှန်ဖြန်းခြင်းတို့ ပြုလုပ်ပေး ရန် ဆော်သြထားကြာင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက စတင်ဖြစ်ပွားသည့် ၀က်နားရွက်ပြာရောဂါကြောင့် မတ္တရာ နှင့် ပြင်ဦးလွင် မြို့နယ်များအပါအ၀င် မန္တလေးတိုင်း အတွင်း၌ ၀က်ကောင်ရေ ၆၀၀ ခန့်သေဆုံးမှုဖြစ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်