ကျောင်းကြို၊ ပို့ ယာဉ်တစီး တိမ်းမှောက်

E-mail Print
ယနေ့ နံနက်က ဒဂုံ ဆိပ်ကမ်း မြို့နယ်ရှိ ပဲခူးမြစ် လမ်းမပေါ်တွင် ကျောင်းကား တစီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် ပါရှိသည့် ကျောင်းသားများ ဒဏ်ရာရရှိ ခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက အတည်ပြု ပြောကြားသည်။

ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က သန်လျှင် ဂျီတီစီ ကျောင်း ကြို/ပို့ ပြုလုပ်သည့် ဘီအမ် အမျိုးအစား၊ ယာဉ်အမှတ် ၂ခ/၂၄၃၁ သည် တောင်ဒဂုံမှ တဆင့် ယုဇန ဥယျာဉ် မြို့တော်တွင် နေထိုင်သည့် ကျောင်းသားများကို ဝင်ကြိုရန် အသွား ပဲခူးမြစ် လမ်းမပေါ်တွင် မောင်းနှင်လာစဉ် လိုင်းကား တစီးကို ရှောင်ရင်း လမ်းဘေး မြောင်းထဲ ထိုးကျ တိမ်းမှောက် သွားခဲ့သည်ဟု သိရသည်။

ထိုသို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ် ပါရှိသည့် ကျောင်းသားများ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သော်လည်းး ပြင်းထန်စွာ ဒဏ်ရာရသူ မရှိဟု ဒဂုံဆိပ်ကမ်း ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

သန်လျင်မြို့တွင် အရှေ့ပိုင်း တက္ကသိုလ်၊ သန်လျင် ဂျီတီစီ၊ သမဝါယမ ကောလိပ်နှင့် ရေကြောင်း တက္ကသိုလ်တို့ ဖွင့်လှစ်ထားရာ ကျောင်းကား အများစုမှာ ဘီအမ် အမျိုးအစား ယာဉ်ဟောင်းများ ဖြစ်သည်။

“ကျောင်းကားတွေက မောင်းတာ တော်တော်ရမ်းတယ်။ ဘီအမ်တွေ ခဏခဏ မှောက်တယ်။ ဘီအမ်တွေက တော်တော်လည်း စုတ်နေပြီ။ လူမပြည့်ရင် ကားက လုံးဝမငြိမ်ဘူး” ဟု သန်လျင်မြို့ခံ တဦးက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်