ဘုန်းကြီးကျောင်းမှ လူနာများ ဖယ်ရှားခံရ

E-mail Print
ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် တည်းခိုနေသော အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထား ရသူများကို အာဏာပိုင်များက ဝေဘာဂီ ဆေးရုံကြီးသို့ အင်္ဂါနေ့တွင် အတင်း အကျပ် ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် ရေလယ်ဘုန်းကြီးကျောင်းတွင် နယ်အသီးသီးမှ ရောက်ရှိ ခိုလှုံနေသူ ၃၅ဦး အနက်မှ ၂၆ဦးကို ထိုသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဆေးရုံသို့ ပို့ခံရသူ ထဲတွင် အသက် ၅ နှစ် မှ  ၈နှစ်ကြား ကလေး သုံးဦးပါဝင်သည်ဟု ဆိုသည်။

ကျန်ရစ်ခဲ့သူများမှာ ဘုန်းကြီးကျောင်းတွင် မနေဝံ့တော့ဘဲ ထွက်ပြေးကြသည်ဟု သိရသည်။

၎င်းတို့သည် ဆေးရုံတင် ကုသရမည့်သူများ မဟုတ်ကြောင်း၊ အေအာဗီဆေး (ARV-Antiretroviral drug) ပုံမှန် သောက်သုံးနေရသူများသာ ဖြစ်ကြောင်း သတင်းရရှိသည်။ ၎င်းတို့လိုအပ်သည့်ဆေးကို ဝေဘာဂီဆေးရုံမှ ရရန် မသေချာကြောင်း သိရသည်။

အေအာဗီသည်  အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူကို အေအိုင်ဒီအက်စ် ခေါ် ခုခံအားကျဆင်းမှုရောဂါ ဖြစ်ပွားသည့် အခြေအနေသို့ မရောက်နိုင်ရန် ထိန်းထားနိုင်သည့် ဆေးဝါးဖြစ်သည်။

ယခုလအတွင်း အာဏာပိုင်များက ရေလယ် ဘုန်းကြီးကျောင်းသို့ သွားရောက်ပြီး ဧည့်စာရင်းစစ်ခြင်း၊ ကျောင်းဆောင် တိုးချဲ့ ဆောက်လုပ်မှုများကို အသေးစိတ် စုံစမ်းခြင်း၊ ဧည့်သည် လက်မခံရန် ဖိအားပေး ပြောဆိုခြင်းများ ပြုလုပ်ပြီးနောက် အေအာဗီဆေး သောက်သုံးနေသူများကို ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ကျောင်းထိုင် ဆရာတော်က ရေလယ်ဘုန်းတော်ကြီးကျောင်း ချိတ်ပိတ်ခံရမည်ကို အလွန် စိုးရိမ်နေသည်ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် ကျောင်းတိုက်သည်လည်း အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသူများကို ကူညီ စောင့်ရှောက်ခဲ့ဖူးသည်။ ၂ဝဝ၇ခုနှစ် ရဟန်းသံဃာများ၏ ဆန္ဒပြမှုနောက်ပိုင်းတွင် အာဏာပိုင်များက မဂ္ဂင် ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်သည်။ ကျောင်းထိုင်ဆရာတော်ကိုလည်း ပုဒ်မမျိုးစုံဖြင့် ထောင်ဒဏ် အနှစ် ၂ဝ နှင့် ၆ လ ချမှတ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်