ကုလသမဂ္ဂ ကိုယ်စားလှယ် မြန်မာပြည် လာမည်

E-mail Print
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာသည် လာမည့် မေလ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာမည်ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံရန်ရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကပြောသည်။

Myanmar_Vijay_Nambiar

မစ္စတာ ဗီဂျေ နမ်ဘီယာသည် လာမည့် ကြသာပတေးနေ့ ညနေ ၅ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အလုပ်အမှူဆောင်တချို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင် က ဧရာဝတီ သို့ ပြောသည်။

NLDအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုသည့် မူကိုသာ ကိုင်ဆွဲ ဆွေးနွေး မည်ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။

မစ္စတာ နမ်ဘီယာသည် အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီးနောက် ပထမဆုံး လာရောက်သည့် ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ် သည်။

သမ္မတသစ် ဦးသိန်းစိန် က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယာကို လက်ခံတွေ့ဆုံမည်မဟုတ်ဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွင် ကသာ တွေ့ဆုံလိမ့်မည်ဟု ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

မစ္စတာ နမ်ဘီယာနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) အပါအ၀င် နိုင်ငံရေး ပါတီ ၁၀ ပါတီကို ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ်(UNDP)ရုံး၌ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း NDF ခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေ ကလည်း ပြောသည်။

ထိုသို့ ခေါ်ယူတွေ့ဆုံခြင်းမှာ အစိုးရ အပြောင်းအလဲ၊ လွှတ်တော်သစ် ပေါ်ပေါက်လာမှု အပေါ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ အနေဖြင့် မည်သည့် အတိုင်းအတာ အထိ ပူးပေါင်းလုပ်ဆောင်နိုင်မည်၊ သမ္မတသစ်မှ ပေးထားသည့် ကတိက၀တ်များနှင့် ပတ် သက်၍ နိုင်ငံရေးပါတီများ၏ အမြင်ကို လာရောက်လေ့လာခြင်း ဖြစ်နိုင်ကြောင်း ဦးခင်မောင်ဆွေက ဆက်လက်ပြောဆိုသည်။

မစ္စတာ နမ်ဘီယာသည် မြန်မာနိုင်ငံသို့ ယခုလာရောက်မည့် ခရီးစဉ်မှာ ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ပြီး ပထမ အကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ တွင် ပြုလုပ်သော ရွေးကောက်ပွဲအပြီး လာရောက်ခဲ့သည်။

ထိုစဉ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခါစ ဖြစ်သော ဒေါ်အောင်ဆန်းစု ကြည်နှင့်လည်း တွေဆုံဆွေးနွေးခဲ့သေးသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီ တို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်