အမေရိကန် သံအရာရှိ နိုင်ငံရေး ပါတီများနှင့် တွေ့

E-mail Print
ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးသည် မြန်မာပြည် အလယ်ပိုင်းသို့ ခရီးထွက်ပြီး နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံကာ ၎င်းတို့၏ အစိုးရအပေါ် ထားရှိသော သဘောထားအမြင်များကို လေ့လာလျက်ရှိသည်။

Kurt_Campbell_and_Suu_Kyi“သူ့ ခရီးစဉ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည် တ၀န်းမှာရှိတဲ့ အလွှာ အသီးသီးက အဓိက အခန်း ကဏ္ဍတွေမှာ ပါဝင် နေတဲ့သူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ အတွက် ဖြစ်တယ်၊ အခု သူ အစိုးရကိုယ်စားလှယ်၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီ က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေတယ်”ဟု ရန်ကုန်မြို့ရှိ အနောက်တိုင်း သံတမန် တဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီနှင့် နိုင်ငံရေး ပါတီဝင် တချို့တို့ကို တွေ့ဆုံ၍ သမ္မတ ဦးသိန်းစိန်၏ သမ္မတ ကျမ်းသစ္စာပြု မိန့်ခွန်း အပေါ် သဘောထားနှင့် ၎င်းတို့၏ နိုင်ငံရေး အမြင်များကို ယမန်နေ့က မစ္စတာ လယ်ရီ ဒင်းဂါး က လာရောက် မေးမြန်းခဲ့ကြောင်း ချောက်မြို့နယ် NLD စည်းရုံးရေး တာဝန်ခံ ဒု ဥက္ကဌ ဦးမြင့်သိန်းက ဆိုသည်။

ဦးမြင့်သိန်းကမူ သမ္မတ ဦးသိန်းစိန် အပေါ် လက်တလော အခြေအနေအရ သဘော မကျသည့် အကြောင်း စသည့် သဘော ထားအမြင်များကို မစ္စတာ လယ်ရီ ဒင်းဂါးအား ပြန်ပြောပြခဲ့ကြောင်း၊ ထို့အပြင် NLD အနေဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေ များ၌ ကြုံတွေ့ ရင်ဆိုင်နေရသော အခက်အခဲနှင့် အကျပ်အတည်း တချို့လည်း မေးမြန်းခဲ့ကြောင်း သိရသည်။

“ဘာကြောင့်လဲဆိုတော့ အပြောပဲ ရှိသေးတယ်၊ လက်တွေ့ပိုင်း အရသာ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်း ပြောင်းလဲတဲ့ နေရာမှာ အဓိကကျတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား ခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်း ဆောင်တွေ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ ဒီကိစ္စ သုံးခုဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး အတွက် အဓိက အချက်တွေပဲလို့ ကျနော် မြင်တယ်”ဟု ဦးမြင့်သိန်းက ဆိုသည်။

မစ္စတာ လယ်ရီ ဒင်းဂါးသည် ရေနံချောင်းမြို့နယ် (NLD) အဖွဲ့ချုပ် အမျိုးသမီး တာဝန်ခံ ဒေါ်ခင်စောဌေးနှင့် အမျိုးသား ဒီမိုက ရေစီ အင်အားစု (NDF)မှ ဦးမြင့်ဖေတို့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ထို့အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ကိုလည်း တွေ့ဆုံရန် ရှိကြောင်း ဦးမြင့်သိန်းက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ အမေရိကန် အစိုးရသည် မြန်မာ အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။ ထို မူဝါဒမှာ ယခုအချိန် အထိ မအောင်မြင်ခဲ့ သော်လည်း ဆက်လက်၍ ကြိုးပမ်းသွားမည်ဟု အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက ပြီးခဲ့သည့်လက ထုတ်ဖော်ပြောကြားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်