မြန်မာပြည်အလယ်ပိုင်း ကျေးရွာများ ရေအခက်အခဲဖြစ်နေ

E-mail Print
မကွေးတိုင်း ချောက်မြို့နယ် အတွင်း၌ ကျေးရွာ အများအပြား ယခုရက်ပိုင်း သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း သိရသည်။

ချောက်မြို့နယ် ဂွေးပင်တိုက်နယ် အတွင်းရှိ သရက်ပင်၊ ဂွေးပင်၊ သံဘို၊ ကြပ်ကန် စသည့် ကျေးရွာများ အပါအ၀င် အနည်းဆုံး ရွာ ၃၀ ခန့် ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး တချို့ဒေသခံများမှာ ကျောက်ပန်းတောင်းမြို့နယ်နှင့် ရေနံချောင်းမြို့နယ် အနီး တ၀ိုက်တို့၌ ရေစည်များဖြင့် ရေ သယ်ယူနေရကြောင်း ချောက် မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) စည်းရုံးရေး တာဝန်ခံ ဦးမြင့်သိန်းက ဧရာဝတီသို့ ပြောသည်။  

“ဧရာဝတီ မြစ်ကို ၄ - ၅ မိုင်လောက် ဝေးတာကို လူစာ နွားစာ တခါတည်းသွားပြီး ရေစည်တွေနဲ့ သွားတိုက်ရတယ်”ဟု ၎င်းက ဆိုသည်။ 

ထိုဒေသများတွင် နှစ်စဉ် နွေရာသီအချိန်၌ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့ရပြီး ယခင်နှစ်ကလည်း ကျောက်ပန်း တောင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ရုံးသို့ သွားရောက်၍ အကူအညီ တောင်းခံခဲ့သေးကြောင်း ဦးမြင့်သိန်းက ရှင်းပြသည်။

UNDP ရုံးအနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ အတွက် သောက်သုံးရေ စီမံကိန်းများ မပြီးပြတ်သေး သောကြောင့် တခြားကျေးရွာများကို အကူအညီမပေးနိုင်သည့်အခြေအနေတွင် ရှိနေကြောင်း ၎င်းက ဆိုသည်။ 

ရေရှားပါးမှု ကြုံနေရသော ကျေးရွာတချို့ကို ပုဂ္ဂလိက အလှူရှင်များက သောက်သုံးရေများကို ယင်းဒေသရှိ သံဃာတော်များမှ တဆင့် ကူညီမှုများပေးနေကြောင်း၊ ယင်း ကျေးရွာများ၌ ရေရရှိရန် အနည်းဆုံး ပေ ၅၀၀ မှ ၁၀၀၀ အထိ တူးရကြောင်း သိရ သည်။

“ကျနော်တို့ မြို့နယ်ကလည်း ရေရအောင် တူးဖို့ဟာ တရွာ၊ တရွာကို ကျပ် သိန်း တရာ လောက်ဆိုတော့ မြို့နယ်တွေက မတတ်နိုင်ဘူး”ဟု ဦးမြင့်သိန်းက ပြောသည်။

ယခု ရေအခက်အခဲ နှင့် ပတ်သက်၍ ဒေသခံ NLD ပါတီဝင်များက ရန်ကုန်ရှိ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး ချောက်မြို့နယ်သို့ ရောက်ရှိခဲ့စဉ် ကူညီထောက်ပံ့ပေးရန် ပြောဆိုခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

မစ္စတာ လယ်ရီ ဒင်းဂါးသည် မြန်မာပြည်အလယ်ပိုင်းရှိ နိုင်ငံရေး ပါတီဝင် တချို့ကို တွေ့ဆုံ၍ သမ္မတ ဦးသိန်းစိန်၏ သမ္မတ ကျမ်းသစ္စာပြု မိန့်ခွန်း အပေါ် သဘောထားနှင့် ၎င်းတို့၏ နိုင်ငံရေး အမြင်များကို အင်္ဂါနေ့က သွားရောက်လေ့လာခဲ့ခြင်း ဖြစ် သည်။

လွန်ခဲ့သည့် နှစ် မေလကလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း စသည့် ပြည်နယ်များတွင် မိုးခေါင် သောကြောင့် ရေတွင်းများ၊ တုံကင်များနှင့် သောက်သုံး ရေကန်များ ခန်းခြောက်ပြီး သောက်ရေနှင့် သုံးရေအခက်အခဲများ ကြုံတွေ့ခဲ့ရသေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်