ကြံ့ဖွံ့ ဗိုလ်ချုပ်ဟောင်း မဲမသမာမှု ထင်ရှားပါက နုတ်ထွက်ရမည်

E-mail Print
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း အုန်းမြင့်သည် ရွေးကောက်ပွဲကာလ မဲမသမာမှုများ ရှိသည်ဟူသည့် စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်၏ ကြားနာမှုတွင် ထင်ရှားပါက ပြည်သူ့ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပေးရမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ရွေးကောက်ပွဲကာလ၌ ဗိုလ်ချုပ်ဟောင်း အုန်းမြင့်သည် မဲမသာမှုများလုပ်ခဲ့သည်ဟု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့ရာ လာမည့် မေလ ၃၀ နှင့် ၃၁ ရက်များတွင် ကြားနာမည်ဖြစ်သည်ဟု မန္တလေးမှ ရှေ့နေ ဦးမြင့်သွင် က ဧရာဝတီကိုပြောသည်။

ဗိုလ်ချုပ်ဟောင်း အုန်းမြင့်သည် ယခုအခါ ၀န်ကြီးတာဝန်ထမ်းဆောင်နေပြီး ရွေးကောက်ပွဲကော်မရှင်က တိုင်ကြားသူမှန်ကန်ကြောင်း အမိန့်ချမှတ်ပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားကြောင်း ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင် က ဆက်လက်ရှင်းပြသည်။

၎င်းသည် ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရပါက ၀န်ကြီး ရာထူးမှလည်း နုတ်ထွက်ပေးရမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုများဖြင့် တိုင်ကြားထားသော အမှုများကို ဆက်လက် ကြားနာနေပြီး ရွေးကောက် ပွဲ ကာလအတွင်း ပဲခူးတိုင်း ရွှေကျင်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)က ကိုယ်စားလှယ် ၃ ဦး မဲမသမာမှုများလုပ်ခဲ့သည်ဟု ကြံ့ဖွံ့ပါတီက စွပ်စွဲတိုင်ကြားသော အမှုကိုလည်း ရွေးကောက်ပွဲကော်မရှင်က ကြားနာပြီး နောက်  တစည ကိုယ်စားလှယ် ၃ ဦးကို အနိုင်ပေးခဲ့သည်ဟုလည်း ဦးမြင့်သွင်က ပြောပြသည်။

အလားတူ NDF ပါတီ၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးနှင့် ၄င်းအား မဲဆွယ်ပေးခဲ့သူ ပဲခူးမြို့ လမ်းပြကြယ် ဦးအေးမြင့်တို့ကို ရွေးကောက်ပွဲကော်မရှင်က မေလ ၁၃ ရက်နေ့တွင် ကြားနာဖြေရှင်းချက်ပေးရန်ဆင့်ခေါ်ထား ကြောင်း သိရသည်။ 

ဒေါက်တာမြတ်ဉာဏစိုးကို တိုင်ကြားသူမှာ ကြံ့ဖွံ့ပါတီကိုယ်စားလှယ် ဦးမြတ်သူ ခေါ် စာရေးဆရာ ကျော်ဇင်ညွန့် ( တက္ကသိုလ်မြတ်သူ)ဖြစ်သည်။

ပဲခူးမြို့လမ်းပြကြယ် ဦးအေးမြင့်က“ကျနော်က ဒေါက်တာမြတ်ဉာဏစိုးဘက်က သက်သေကြားနာမှာပါ။ ဟိုဘက်က အချက် ၈ ချက်နဲ့တိုင်ထားတာပေါ့။ အရင်တခေါက်က ၇ ချက်ကိုရှင်းလင်းတင်ပြပြီးလို့ အခု ကျန်နေတဲ့ တချက်ဖြစ်တဲ့ ကျနော်က ပုတ်ခတ်ပြောဆို မဲဆွယ် ခဲ့မှုမရှိတာကို သက်သေခံဖို့ ကျနော်လည်း မနက်ဖြန် နေပြည်တော်အရောက်သွားရမယ်၊ သူလည်း နေပြည်တော် ရောက်နေပြီ”ဟု ဧရာဝတီကိုပြောသည်။

ဧရာဝတီ က နေပြည်တော်ကိုရောက်ရှိနေသည့် စွပ်စွဲခံရသော ဒေါက်တာ မြတ်ဉာဏစိုးနှင့် စွပ်စွဲသူ တက္ကသိုလ်မြတ်သူ တို့အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ကြံ့ဖွံ့ပါတီမှ မဲမသမာမှုများလုပ်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီး မဲမသမာ မှုများလုပ်ခဲ့သူ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များအပေါ် တရားစွဲဆိုနိုင်ရေး ရဲစခန်းသို့တိုင်ကြားခဲ့သောအမှုပေါင်း၂၀ ကျော်မှာ ရဲ စစ်ချက်များတချို့ပြီးသွားသော်လည်း တရားရုံးသို့ အမှုဆွဲတင်ရမည့်အဆင့်သို့ မရောက်သေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ(မြန်မာနိုင်ငံ)မှ ဥက္ကဌဖြစ်သူ ဦးရဲထွန်း က ပြောပြသည်။

“ကျနော်တို့ က ရဲစခန်းကနေ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲမှာ မဲမသမာလို့ တရားစွဲတာ၊ ဒလမြို့ နယ် မှာ ၁၃ မှုရှိတယ်။ ကျန်တာတွေလည်း တိုင်ထားတယ်။ ဦးအေးလွင်တို့ပါတီက စွဲထားတာလည်းရှိတယ်။ အားလုံးပေါင်း ရင်တော့ ၃၀ ကျော်လောက်ရှိတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသည့် မဲမသမာမှု၂၉ မှုရှိရာ၂၇ မှုသည် ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များက အခြားပြိုင် ဘက် နိုင်ငံရေးပါတီကိုယ်စားလှယ်များကို စွပ်စွဲတိုင်ကြားထားခြင်းဖြစ်ပြီး၂ မှုကသာ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များကို ပြန် လည် တိုင်ကြားထားသည်။

ပဲခူးတိုင်း ကြို့ပင်ကောက် မြို့နယ်ကိုယ်စားလှယ် ကြံ့ဖွံ့ပါတီမှ ဦးသန့်စင်ကိုလည်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော် ငြိမ်း က ကန့်ကွက်တိုင်ကြားထားသည်။

“အမှန်က အစိုးရအဖွဲ့မဖြစ်မီ ဒီကြားနာမှုတွေက ပြီးစီးသွားသင့်တယ်။ အခုက ဥပဒေ ရဲ့လုပ်ထုံးလုပ်နည်းက လွဲချော် နေ သလိုဖြစ်နေပြီး သေချာခိုင်မာတဲ့ ဥပဒေ တခုဖြစ်ထွန်းလာအောင် လုပ်ဖို့လိုတယ်”ဟု ရှေ့နေဦးမြင့်သွင်က ထောက်ပြဝေ ဖန်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်