မစၥတာ နမ္ဘီယာ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

E-mail Print
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၆နာရီခန့်က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးကြသည်။

Aung-San-Suu-Kyi-and-Vijay-Nambiar

မစ္စတာ နမ်ဘီယာသည် ညနေ ၅နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရောက်ရှိလာပြီး ဆွေးနွေးကြရာ ည ၇ နာရီတွင်  ပြီးဆုံးသွားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် မစ္စတာ နမ်ဘီယာ အနေဖြင့် ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က စစ်အစိုးရ အုပ်ချုပ်နေသည်ကို မြင်တွေ့ရကြောင်း၊ ယခုအကြိမ် လာရောက်သောအခါ အရပ်သား အစိုးရ အာဏာလွှပြောင်းထားသည်ကို တွေ့ရသည့်အတွက် အပြောင်းအလဲဟု ထင်မြင်ယူဆပုံရကြောင်း ပြောဆိုသည် ဟု ပြည်တွင်းအခြေစိုက် ဧရာဝတီ သတင်းထောက်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်၍ မစ္စတာ နမ်ဘီယာက နေပြည်တော်ရှိ အစိုးရ ၀န်ကြီးများနှင့် တွေ့ဆုံရာတွင် တောင်းဆိုခဲ့သော်လည်း အစိုးရ၀န်ကြီးများက ပြန်လည်တုံ့ပြန်ခြင်းမရှိဟု သိရသည်။

မစ္စတာ နမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယ အကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကြိမ်က ဒေါ်အောင်ဆန်းစုကြည် နေ အိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၁၄ရက်အကြာတွင် တွေ့ဆုံခြင်း ဖြစ်သည်။

မစ္စတာ နမ်ဘီယာ၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် အစိုးရအဖွဲ့၏ အရေးပါသော ၀န်ကြီးများဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့နှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများ၌ ဖော်ပြထားသည်။

ထိုသို့ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံခြင်းသည် သမ္မတသစ် ဦးသိန်းစိန်လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်သည်။

မစ္စတာနမ်ဘီယာသည် မနက်ဖြန် နံနက် ၁၁နာရီတွင် ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) အပါအ၀င် နိုင်ငံရေး ပါတီ ၁၀ ပါတီနှင့်လည်း ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ်(UNDP)ရုံး၌ တွေ့ဆုံရန် စီစဉ် ထားကြောင်း သိရသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီ တို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်