ခရီးသည်တင်ကားများ ပစ်ခတ်ခံရ

E-mail Print
မွန်ပြည်နယ် ရေး - သံဖြူဇရပ် ကားလမ်းတွင် ယမန်နေ့က ခရီးသည်တင်ကား ၅ စီး ပစ်ခတ်ခံရသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့ ပစ်ခတ်ပြီး ဆက်ကြေးတောင်း၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သူတို့မှာ ကရင် အမျိုးသားအစည်း အရုံး (KNU) တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။

တနှစ်စာ ဆက်ကြေးအဖြစ် ထားဝယ် - ရန်ကုန် ကားတစီးလျှင် ကျပ် ၁၀ သိန်း၊ ထားဝယ် - မော်လမြိုင်ကား တစီးလျှင် ၃ သိန်း နှုန်း အဓမ္မ ကောက်ခံခဲ့ကြောင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။

အခင်းဖြစ်ပွားပြီးနောက် နယ်မြေခံ စစ်တပ်က လိုက်လံ ရှင်းလင်းရာ ဖမ်းဆီးခံထားရသူ ၆ ဦး အနက်မှ ၄ ဦး ထွက်ပြေး လွတ်မြောက်လာကြောင်း သတင်းစာက ဆိုသည်။ ခရီးသည်များ ထိခိုက်မှု ရှိမရှိ သတင်းစာတွင် ဖော်ပြမထားပေ။

KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေကမူ ၎င်းတို့ တဖက်သတ် စွပ်စွဲရေးသားခံရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီသတင်း အချက်အလက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ သံသယ ရှိတယ်၊ နောက်တခုက ကျနော်တို့ဘက်က ဒီလိုမျိုး ဖမ်းဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပေါ်လစီ (မူဝါဒ) မရှိဘူး၊ ဒါ စွပ်စွဲချက်ပဲလို့ ကျနော်တို့ပြောရမယ်” ဟု သူက ဆိုသည်။

ထိုဒေသ တလျှောက်တွင် KNU တပ်ဖွဲ့ဝင်များ ရှိသကဲ့သို့ မွန်ပြည်သစ်ပါတီဝင်ဟောင်း တချို့နှင့် ဖွဲ့စည်းထားသော ဓားပြအဖွဲ့ တဖွဲ့လည်း လှုပ်ရှားနေသောကြောင့်  အခြေအနေများ ရှုပ်ထွေးနေသည်ဟု မွန်ပြည်သစ် ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

မွန်ဓားပြ အဖွဲ့တွင် လူဦးရေ ၃၀ ခန့်ရှိပြီး မွန်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဟု အမည်ပေးထားကြောင်း သူက ဆိုသည်။

အာဏာပိုင်တို့က မြန်မာပြည်အတွင်း ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားသည့် အခါတိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲတတ်သကဲ့သို့ ယင်း အဖွဲ့အစည်းများကလည်း ငြင်းဆိုလေ့ ရှိကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်