ဂျွန်မက်ကိန်း မြန်မာပြည်သို့ ရောက်ရှိ

E-mail Print
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်များကို တွေ့ဆုံရန် ယနေ့ နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိသွားသည်။

ဂျွန်မက်ကိန်းသည် စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်သော  ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နှင့် နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ပြီး မနက်ဖြန် ညနေတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ရန်ကုန် သံတမန် အသိုင်းအ၀န်းက ဆိုသည်။

john-mccain-left-eye400ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်များ၊ ရခိုင် တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင် အပါ အ၀င် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်များကို NLD ရုံးချုပ်တွင် တွေ့ဆုံမည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

“နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အမြန်ဆုံး လွတ်မြောက်ရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေး စတဲ့ NLD ရပ်တည်ချက်နဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ လူမှုရေး၊  စီးပွားရေး ပြဿနာတွေကို ဆွေးနွေးမယ်” ဟု ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။

ဂျွန်မက်ကိန်းသည် ၁၉၉၆ ခုနှစ် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည်။

ယနေ့ နံနက်က မြန်မာပြည်သို့ မသွားမှီ  ခရီးစဉ်နှင့် ပတ်သက်ပြီး သူ၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာ Twitter တွင် အနည်းငယ် ရေးသားသွားသည်။

“ကျနော် လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ မြန်မာပြည်ကို ဒီမနက် သွားနေပါပြီ” သူက ရေးသားထားသည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့ကမူ  ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ခေါ် ဘဲကလော် ဒုက္ခသည်စခန်း၊ မဲဆောက်မြို့ မယ်တော်ဆေးခန်း တို့ကို သွားရောက် လေ့လာခဲ့သည်။ ဒုက္ခသည်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တွေ့ဆုံပြီး သူ၏ ခရီးစဉ်အတွက် အချက်အလက်များ ရယူခဲ့သည်။

မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံပုံကိုလည်း  Twitter တွင် ရေးသားထားသည်ကို တွေ့ရသည်။

“တကယ့်သူတော်စင်နဲ့ တွေ့ဖို့ လွယ်တာ မဟုတ်ဘူး၊ ကျနော်တော့ ဒီနေ့ တွေ့ခဲ့တယ်၊ ဒေါက်တာစင်သီယာမောင်က သူ့ဆေးခန်းမှာ တကယ့်ကြီးမြတ်လေးစား စရာကောင်းတာတွေ လုပ်နေတာပဲ” ဟု ဆိုသည်။

စစ်သားဟောင်း တဦးဖြစ်သည့် ဂျွန်မက်ကိန်းသည် ၁၉၆၇ ခုနှစ် ဗီယက်နမ်စစ်ပွဲတွင် ဖမ်းခံရပြီး ၁၉၇၃ ခုနှစ်ခန့်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ စစ်သုံ့ပန်းဘ၀တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။

၂၀၀၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲတွင် ရီပတ်ဗလီကန် ပါတီ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် အိုဘားမားကို ရှုံးနိမ့်ခဲ့သည်။

ဂျွန်မက်ကိန်းသည် ၁၉၉၅ ဧပြီလက မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့ပြီး ထိုစဉ်က စစ်အစိုးရ ၀န်ကြီးများနှင့် တွေ့ဆုံခဲ့သည်။

မြန်မာ စစ်အစိုးရ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ နှစ်စဉ် သက်တမ်းတိုးရန် အမေရိကန် အထက် လွှတ်တော်မှ လှုံ့ဆော်သူများထဲတွင် ဂျွန်မက်ကိန်းလည်း ပါဝင်သည်။

သမ္မတ အိုဘားမား အစိုးရ လက်ထက်တွင် ဒဏ်ခတ်ပိတ်ဆို့ရေး သာမက မြန်မာအာဏာပိုင်တို့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့ပြီး နောက်ပိုင်း နိုင်ငံခြားရေးဌာနမှ အဆင့်မြင့်အရာရှိများ နေပြည်တော်သို့ သွားရောက်ခဲ့ကြသည်။

မကြာသေးမီက အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်း၏ မြန်မာပြည် ခရီးတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်