အာရှ ပါမောက္ခများ NLD တွင် သင်တန်းပေးမည်

E-mail Print
အရှေ့တောင်အာရှ တက္ကသိုလ်များရှိ နိုင်ငံရေး သိပ္ပံပညာရှင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် အဖွဲ့ဝင်များကို တပတ်ကြာ သင်တန်းပေးမည်ဟု NLD က ပြောသည်။

ရန်ကုန်မြို့ NLD ရုံးတွင် ဇွန်လ ၂၀ ရက်နေ့၌ အစပြုမည့် ထိုသင်တန်းကို ပါတီဝင် ၈၀ ကျော် တက်ရောက် လေ့လာကြမည်ဟု NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။

သင်တန်းဆရာ ၈ ဦးမှာ ဟောင်ကောင်၊ စင်္ကာပူတို့ရှိ တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်နေသော ပါမောက္ခများ ဖြစ်သည်ဟု ဆိုသည်။ 

NLD က ပြည်ပ ပညာရှင်များ ပို့ချသည့် သင်တန်းကို ပါတီသက်တမ်း ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

သင်တန်းဆရာတဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်က ဧပြီလ ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဤသင်တန်း အစီအစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန် အခြေစိုက် NGO တခု ဖြစ်သော မြန်မာအီးဂရက်စ် (Myanmar Egress)၏ ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်သည် ၂၀၀၈ အခြေခံ ဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသူ ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတို့ ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို အစဉ်တစိုက် ကန့်ကွက်လာသူ ဖြစ်သည်။

ဒေါက်တာကျော်ရင်လှိုင် တာဝန်ထမ်းနေသော ဟောင်ကောင်တက္ကသိုလ်မှ မြန်မာကျောင်းသားတဦးက “အခုဟာက အစလည်း အစ၊ ရက်ကလည်း တိုတယ်။ မိတ်ဆက်တဲ့ အဆင့်လောက်ပဲ ဖြစ်မယ် ထင်တယ်။ ဖြစ်နိုင်ရင်တော့ မြန်မာနိုင်ငံမှာ လူငယ်တိုင်းအတွက် လက်မှတ်ထုတ်ပေးနိုင်တဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ဖွင့်နိုင်ရင် ပိုကောင်းမယ်”ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်မှ NLD လူငယ်တဦးကလည်း “အခုသင်တန်းက NLD လူငယ်တွေရဲ့ နိုင်ငံရေး အတွေးအမြင် ပိုကောင်းစေဖို့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) က လမ်းညွှန်တာဖြစ်လို့ အများကြီး အကျိုးရှိမယ်လို့ ယုံကြည်တယ်”ဟု ပြောသည်။

သင်တန်းတွင် သုတေသန ပြုလုပ်နည်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဘာသာရပ်၊ ဘာသာရပ်ဆိုင်ရာ တွေးခေါ်ပုံများ၊ အရှေ့တောင်အာရှ နိုင်ငံများ၏ နိုင်ငံ တကာဆက်ဆံရေး ၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ မနုဿဗေဒ ဟူသည့် ဘာသာရပ်များ ပါဝင်မည်ဟု ဆိုသည်။

ဤအတောအတွင်း NLD က လူငယ် နှီးနှောဖလှယ်ပွဲ တခုကို ပြုလုပ်လျက်ရှိသည်။ ရန်ကုန်တွင် ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသို့ အနယ်နယ်မှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်နေသည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာသည့် နောက်ပိုင်း တနိုင်ငံလုံးရှိ NLD လူငယ်များ ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်