ပြည်မြို့ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဖိအားပေးခံရ

E-mail Print

ပြည်မြို့တွင် ဖွင့်လှစ်မည့် သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင် စေတနာ့ ၀န်ထမ်း ဆေးကုသ ပေးမည့် ဆရာဝန်များအား သွားရောက် ဆေးကုသ မပေးရန် ဒေသခံ အာဏာပိုင်များက ဖိအားပေးနေသည်ဟု သိရသည်။

ထိုသို့ ဆရာဝန်များကို ဖိအားပေးခဲ့သောကြောင့် ကုသိုလ်ဖြစ် ဆေးခန်းတွင် ဆေးကုသပေးမည်ဟု ပြောထားသည့် ဆရာဝန် ၁၀ ဦးအနက် ၁ ဦးသာ ကျန်ရှိတော့သည်ဟု မြို့ခံ မိုးမေတ္တာ လူငယ် ပရဟိတ သွေးကူညီရေး အသင်းမှ ကိုညီညီအောင်က ဧရာဝတီကို ပြောသည်။

“အရင်က အခမဲ့ လာကုသပေးဖို့ ဆရာဝန်ကြီး ၁ ယောက် အပါအ၀င် (ဆမ) လက်မှတ်ရခါစ ဆရာဝန်လေး ၉ ယောက်နဲ့  စုစုပေါင်း ၁၀ ယောက်ရှိတယ်။ လောလောဆယ်တော့ တာဝန်ခံ ကုသပေးမယ့် ဆရာဝန်ကြီး တယောက်ပဲ ရှိတော့တယ်” ဟု သူက ဆိုသည်။

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း (ခွဲ) ပြည်မြို့ကို ဇွန်လ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ် ကုသရန် စီစဉ်ထားကြောင်း သိရသည်။

နာရေးကူညီမှု အသင်းက ဆေးပစ္စည်း၊ ငွေကြေး စသည်ဖြင့် ထောက်ပံ့ကာ ပြည်မြို့ခံ မိုးမေတ္တာ လူငယ် ပရဟိတ သွေး ကူညီရေးအသင်းက မြို့ခံဆရာဝန်များဖြင့် အဆိုပါ ကုသိုလ်ဖြစ် ဆေးခန်းကို ဖွင့်လှစ်ရန် စီစဉ်နေသည့် အချိန်တွင် အာဏာပိုင် များက နှောင့်ယှက်ဟန့်တားခြင်း ဖြစ်ကြောင်း ဦးကျော်သူ ပြောသည်။

“ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် ကျနော်တို့က ကိုယ်လုပ်စရာရှိတာ လုပ်ရမှာပဲ။ ဆရာဝန် အင်အားကတော့ လျော့သွား တာပေါ့။ အခုလို အမျိုးမျိုး နှောင့်ယှက်တာ တော်တော်ဆိုးတဲ့ အလုပ်ပဲ။ ဆေးကုပေးတာ နိုင်ငံတော်ပုန်ကန်တဲ့ အလုပ်လည်း မဟုတ်ဘူး။ လူတွေကို ဟောပြောစည်းရုံးတာတွေ လုပ်နေတာလည်း မဟုတ်ဘူး။ ကိုယ်နိုင်သလောက် ပြည်သူလူထုကို ဆေး ကုသပေးတာပါ ” ဟု သူက ဆိုသည်။

ကုသပေးမည့်  ဆရာဝန်များနေအိမ်သို့ ရဲ အထူးသတင်းတပ်ဖွဲ့ (SB) မှ လာရောက်မေးမြန်း စစ်ဆေးခြင်း၊ တိုင်း ကျန်းမာရေး ရုံးမှ ခေါ်ယူ မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ကိုညီညီအောင်က ရှင်းပြသည်။

“ဆရာဝန်လေးတွေက မိဘ အုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းပဲ ဆိုတော့ မိဘတွေကလည်း စိုးရိမ်ပြီး မလုပ်ခိုင်းတာလည်း ပါသလို၊ ဆမ လက်မှတ် ပြန်သိမ်းတာမျိုး လုပ်မှာလည်း ကြောက်ကြတာပေါ့” ဟု သူက ဆိုသည်။ 

စေတနာ့ ဆရာဝန်များကို ဖိအားပေးခြင်းအပြင်၊ ဆေးခန်းဖွင့်လှစ်ခွင့်ပေးသည့် မာန်အောင် ဆရာတော်ကြီးအားလည်း ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ကိုညီညီအောင်က ပြောသည်။

“ဘုန်းကြီးကျောင်းဝင်းထဲမှာ ဆေးခန်းဖွင့်မှာ ဆိုတော့ ဆရာတော်ကိုပါ ဖိအားပေးတဲ့ သဘောတွေရှိတယ်။ ပြည်မြို့  သာသနာရေး ဌာနက ဒု လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသိန်းက သာသနာ့နယ်မြေထဲမှာ မဖွင့်ဖို့ မာန်အောင် ဆရာတော်ကြီးကို သြ၀ါဒ ပေးပါဆိုပြီး နိုင်ငံတော် သံဃာ့နာယကအဖွဲ့ကို စာတင်လိုက်တယ်” ဟု သူက ဆိုသည်။

သို့ရာတွင် မာန်အောင်ဆရာတော်ကြီးက သံဃာ့ နာယက အဖွဲ့ကို အဖြစ်မှန်အတိုင်း ရှင်းပြခဲ့ကြောင်း၊ ထို့ကြောင့် သံဃာ့ နာယက အဖွဲ့၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကိုညီညီအောင်က ပြောသည်။

သူက “အခု လိုအပ်တဲ့ ခွင့်ပြုချက်တွေ အဆင့်ဆင့် ရအောင်တင်ပြီးပြီ။ ခွင့်ပြု၊ မပြုကတော့ သက်ဆိုင်ရာ သဘောပေါ့။ ကျနော်တို့ ဘက်ကလည်း ဒီလို နှောင့်ယှက်တာတွေကို ကျေးရွာတွေကို ဆင်းပြီး ရေလှူကတည်းက ကြုံခဲ့ရတော့ သိပ်မထူးဆန်း တော့ဘူး။ အင်အားလျော့သွားမှာ တခုပဲ စိုးရိမ်တယ်” ဟု ဆက်ပြောသည်။

အဆိုပါ ဆေးခန်းတွင် ရဟန်းရှင်လူ ဆင်းရဲချမ်းသာ ဘာသာမရွေး အထွေထွေ ရောဂါများ ကုသပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ခံဆရာဝန်ကြီးမှာ အထွေထွေရောဂါကု ဆရာဝန်ကြီး (ငြိမ်း) ဒေါက်တာ ထွန်းနိုင်ဖြစ်ကြောင်း၊ အသေးစား ခွဲစိတ်ကုသမှု များလည်း ပြုလုပ် ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် အခမဲ့ ဆေးခန်းဆိုတော့ ငွေကြေးမပြေလည်တဲ့ မိသားစုတွေ အတွက် ကျန်းမားရေးကိစ္စမှာ တော်တော် လေး အထောက်အကူ ပြုသွားနိုင်တယ်။ တမြို့လုံးကလည်း အားပေးသလို မြို့ခံတွေက ဒီဆေးခန်း အဆောက်အအုံ စ ဆောက်ကတည်းက လိုအပ်တာတွေ လှူကြတယ်” ဟု ပြည်မြို့ခံ တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်