သီရိလင်္ကာသို့ မျောသွားသည့် ရေလုပ်သားများ ပြည်တော်ပြန်

E-mail Print
ပင်လယ်ပြင် လေပြင်းမုန်တိုင်းကြောင့် သီရိလင်္ကာနိုင်ငံသို့ မျောပါသွားသော မြန်မာရေလုပ်သား ၁၄ ဦး ယမန်နေ့က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။

Thin_Aung_June_9_editedသီရိလင်္ကာတွင် ကယ်ဆယ်ခံရပုံ၊၊ ရဲစခန်းတခုအတွင်း ၂ လ ကျော်ကြာ နေထိုင်ခဲ့ရပုံတို့ကို ယနေ့နံနက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သီရိလင်္ကာရှိ မြန်မာသံရုံးနှင့် အဆက်အသွယ် ရပြီးနောက် ရေလုပ်သားများ နေရပ်ပြန်ရေး လမ်းစ ပေါ်ခဲ့သည်ဟု ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ခံ တဦး ဖြစ်သည့် ဦးဝင်းကြိုင်က ပြောသည်။

"တာဝန်ရှိသူတွေက ဖျာပုံခရိုင်အတွင်း လိုက်လံ စုံစမ်းတဲ့အခါ မှန်ကန်ကြောင်း တွေ့ရှိရတဲ့ အတွက် နေပြည်တော်ရှိ ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြန်လည် တင်ပြခဲ့ပါတယ်" ဟု ဦးဝင်းကြိုင်က ရှင်းပြသည်။

သီရိလင်္ကာတွင် ရှိနေစဉ် ရေလုပ်သားတို့၏ နေထိုင်စားသောက်မှု အဆင်ပြေသည်ဟု သိရကြောင်း ဦးဝင်းကြိုင်က ပြောသည်။

မတ်လလယ်က ၂ ရက်ကျော်ကြာ တိုက်ခတ်ခဲ့သော ပင်လယ်ပြင် လေပြင်း မုန်တိုင်းကြောင့် မြန်မာ ရေလုပ်သား တသောင်းခြောက်ထောင်ကျော် ရေထဲ မျောပါသွားခဲ့သည်။ အများအပြား အသက်ရှင်ပြီး နေရပ်ရင်းသို့ ပြန်ရောက်ရှိပြီး ဖြစ်သည်။ ရေလုပ်သားတို့သည် ဟိုင်းကြီးကျွန်း၊ ကိုကိုးကျွန်း စသည့် ဒေသများကိုသာမက အိန္ဒိယ၊ သီရိလင်္ကာ ရေပိုင်နက်များအထိ မျောပါသွားကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခု သုံးလ ပြည့်မြောက်ချိန်တွင် ပျောက်ဆုံးနေသူ အရေအတွက် ၄၇၀ ၀န်းကျင် ရှိနေသည်ဟု ဦးဝင်းကြိုင်က ပြောသည်။ ထိုပျောက်ဆုံး စာရင်းတွင် ပြန်လည် ခေါ်ယူရန် စီစဉ်နေသည့် အိန္ဒိယနိုင်ငံရောက် ရေလုပ်သား ၁၃၀ ကျော် ပါဝင်ခြင်း မရှိပေ။

သီရိလင်္ကာပြန် ရေလုပ်သားတို့ကို ထောက်ပံ့ငွေ ပေးအပ်ပြီး နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု ဆိုသည်။

ရေလုပ်သားများမှာ ဖျာပုံခရိုင်၊ မြို့နယ်၊ ကျေးရွာအသီးသီးတွင် နေထိုင် လုပ်ကိုင်ခဲ့သည့် ဦးမောင်နိုင် (ခ) ဦးသန်းနိုင်၊ ဦးမောင်စိုး (ခ) ဦးစိုးမြင့်၊ ဦးသန်းဦး၊ ဦးဇော်ဇော်အောင်၊ ဦးမောင်အေး၊ ဦးသောင်းအေး၊ ဦးတင်မျိုး၊ ဦးမျိုးမင်း၊ ဦးသန်းဌေး၊ ဦးကြီးမြင့်၊ ဦးသန့်ဇင်၊ ဦးဇော်ဦး၊ ဦးဇော်မင်း၊ ဦးသန်းထွန်းဦးတို့ ဖြစ်ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်