ဒေါ်အောင်ဆန်းစုကြည် ILO ညီလာခံသို့ မိန့်ခွန်းပေးပို့

E-mail Print
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသည့် ကမ္ဘာ့ အလုပ် သမား အဖွဲ့ချုပ် (ILO) ညီလာခံသို့ ပေးပို့သည့် ဗွီဒီယို မိန့်ခွန်း၌ မြန်မာနိုင်ငံတွင် လွတ်လပ်သည့် အလုပ်သမား အသင်း အဖွဲ့များ ပေါ်ပေါက်လာရန် တိုက်တွန်းခဲ့သည်။

တချိန်က မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား အောင်မြင်ခဲ့သော နိုင်ငံတနိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ အဆင်းရဲ အနိမ့်ကျဆုံးဖြစ်နေရကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်သမားဆိုင်ရာ အခွင့်အရေးများရရှိမှသာ နိုင်ငံဖွံ့ဖြိုး တိုး တက်မည်ဖြစ်ကြောင်းနှင့် အလုပ်သမားအခွင့်အရေးကာကွယ်ပေးနိုင်သော လွတ်လပ်သည့်အလုပ်သမားအသင်း အဖွဲ့၊ သမဂ္ဂများ ဖွဲ့စည်းနိုင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပိုမိုကျယ်ပြန့်သည့် တရားမျှတမှုများ လူမှုရေးနယ်ပယ်၌ ပေါ်ပေါက်စေရန် မြန်မာနိုင်ငံရှိ ILO ၏ လုပ်ငန်းများအား ပိုမိုတိုးချဲ့စေလိုကြောင်း၊ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ မြန်မာနိုင်ငံ၌ ထွန်းကား လာရန်ဆန္ဒရှိကြောင်း”လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ နိုင်ငံတကာတွင် အလုပ်သမားများ၏ အရေး ဆောင်ရွက်နေမှုများ နှင့် ပတ် သက်ပြီး ILO ၏ ကြိုးပမ်းဆောင်ရွက်ချက်ကို ချီးမွမ်းစကားပြောဆို လိုက်ပြီး နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံကို လျစ်လျူရှုမထားဘဲ ၀ိုင်းဝန်းကူညီမှုများ ဆက်လက် ဆောင်ရွက်ပေးရန်လည်း ပြောဆိုထားသည်။

အလုပ်သမား၊ လယ်သမားအရေးဆောင်ရွက်နေသော ရန်ကုန်မြို့က ရှေ့နေကိုဖိုးဖြူက“အခုမြန်မာနိုင်ငံမှာက အလုပ် သမား တွေမှာ ထိုက်တန်တဲ့လုပ်အားခ မရတာ၊ အလုပ်ချိန်ပိုလုပ်ရတာ စတဲ့ အလုပ်သမား အခွင့်အရေးတွေအတွက် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာတွေကို ညှိနှိုင်းအဖြေရှာပြောဆိုနိုင်မယ့် လွတ်လပ်တဲ့ သမဂ္ဂမျိုးတွေ ပေါ်မလာ သေးတာကြောင့် စက်မှုနိုင်ငံ ထူထောင်မယ်ဆိုတာတွေဟာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး”ဟု ဧရာဝတီ ကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ရှိ ILO ရုံးခွဲမှ ကြိုးစားဆောင်ရွက်နေသော အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေး စစ်သား ကိစ္စများမှအစ မလွှဲမရှောင်သာဆောင်ရွက်ပေးခဲ့သော နိုင်ငံရေး အကျဉ်းသားကိစ္စ၊ လွတ်လပ်သော အသင်းအဖွဲ့ပေါ်ပေါက် ရေးကိစ္စ စသည့်များအထိ လုပ်ဆောင်နေရသည်ကိုလည်း ပြောသွားသည်။

“ရန်ကုန် ILO ရုံးရဲ့လုပ်နေတာတွေကို ကြည့်ရင် အကန့်အသတ်အများကြီး ရှိနေသေးတယ်။ ပြဿနာက ဒီထက်ပို ကျယ်ပြန့်တယ်ဆိုတာ သိဖို့လိုတယ်။ ILO ရန်ကုန်ရုံးကလည်း ဒီထက်ပို အားစိုက်ဖို့တော့ လိုအပ်နေသေးတယ်၊ လွတ် လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ပေါ်ထွက်လာဦးမယ် မထင်ဘူး၊ အခု လက်ရှိအစိုးရက ဖွဲ့ပေးတဲ့ ဟန်ပြအလုပ်သမား အစည်း အရုံး မျိုးတွေလောက်ပဲ ပေါ်ထွက်လာနိုင်တယ်”ဟု ကိုဖိုးဖြူက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်