ဂျပန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

E-mail Print
ဂျပန်နိုင်ငံ၏ ပါလီမန်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ မစ္စ မခိကို ခိခုတသည် လာမည့် အပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

Makiko_Kikuta“လာမယ့်အပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန် အစိုးရထိပ်တန်းခေါင်းဆောင် ဧည့်သည်နဲ့ တွေ့ဖို့ရှိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီကိုပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ကျောထောက်နောက်ခံပြုထားသော အစိုးရသစ်တက်လာပြီးနောက် ဂျပန်နိုင်ငံမှ အဆင့်အမြင့် ဆုံး အရာရှိတဦးအဖြစ် ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

မစ္စ မခိကို ခိခုတ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပါအ၀င် တာဝန်ရှိသူများနှင့်လည်း တွေ့ ဆုံပြီး မြန်မာနိုင်ငံကို ငွေကြေးအကူအညီပေးရေး ဆိုင်ရာကိစ္စများလည်း ဆွေးနွေးမည်ဖြစ်ကြောင်း၊ အခြား မြန်မာ့ နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်လည်း ရှိကြောင်း သိရသည်။

“ကျနော်တို့နဲ့တော့ လာမယ့်၂၉ ရက်နေ့ တွေ့ဖို့ ဖိတ်ကြားထားတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဆွေးနွေးဖို့တော့ ရှိပါတယ်”ဟု ဖိတ်ကြားခံထားရသော အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ က ပြောသည်။

မကြာခင်ကာလတွင် ဂျပန်ပါလီမန်မှလည်း၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီကိုယ်စားလှယ်များကို ဂျပန်ပါလီမန်သို့သွားရောက် လေ့လာရန် ဖိတ်ကြားထားသည့်အစီအစဉ်လည်း ရှိရာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စား လှယ် ၁၀ ဦးနှင့် ကျန်နိုင်ငံရေးပါတီများမှ ရွေးကောက်ခံ ကိုယ်စားလှယ်၂ ဦးစီ ဂျပန်နိုင်ငံသို့ သွားရန်ရှိကြောင်းလည်း ၄င်းက ဆက်လက်ရှင်းပြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ယခုလာမည့် ဂျပန်အစိုးရ ထိပ်တန်းခေါင်းဆောင်က ဆွေးနွေးဖွယ်ရှိကြောင်းလည်း သိရသည်။

“ဒီမိုကရေစီဖော်ဆောင်ဖို့ ဦးတည်လုပ်ဆောင်နေတယ်ဆိုတဲ့ မြန်မာအစိုးရသစ်နဲ့ ဂျပန်အစိုးရတို့ကြား ဆက်ဆံရေးသစ် တည်ဆောက်နိုင်ဖို့ ပထမဆုံး ခြေလှမ်းဖြစ်မယ်လို့ ကျမ မျှော်လင့်တယ်”ဟု မစ္စ မခိကို ခိခုတ၏ ပြေကြားချက်ကို The Straits Times သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ပညာရေးဆိုင်ရာနှင့် အရေးပေါ် အကူ အညီပေးခြင်းများကို လုပ်ဆောင်သည့် နိုင်ငံတနိုင်ငံဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ မြန်မာနိုင်ငံတွင် သံဃာများ ဆုတောင်းမေတ္တာပို့ ဆန္ဒဖော်ထုတ်ခဲ့စဉ်က သတင်းယူနေသော ဂျပန်လူမျိုး သတင်းထောက် မစ္စတာ ကန်ဂျီး နာဂါအိ ကို မြန်မာစစ်တပ်က အနီးကပ် ပစ်ခတ် သတ်ဖြတ်ပြီးနောက် ဂျပန်-မြန်မာ အစိုးရချင်း ဆက်ဆံရေးတွင် တင်းမာမှု ရှိခဲ့သည်။

ထို့နောက် အကူအညီပေးရေးတချို့ကို ရပ်ဆိုင်းကန့်သတ်မှုများ ဂျပန်အစိုးရဘက်မှ လုပ်ဆောင်ကာ ယခင် နအဖ စစ်အစိုးရ ကို အရေးယူခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်