မြန်မာ ဘိန်းစိုက်ပျိုးမှု ပိုများလာဟု UNODC ပြော

E-mail Print
ကမ္ဘာပေါ်၌ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံ တနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် တနှစ်အတွင်း ၂၀ ရာခိုင်နှုန်း တိုးလာကြောင်း ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာ ဇ၀တ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး (UNODC) ၏ ၂၀၁၁ ခုနှစ်ထုတ် အစီရင်ခံစာတွင် ရေးသားထားသည်။

poppy2မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၉ ခုနှစ်တွင် စိုက်ပျိုးဧရိယာ ဟက်တာ ၃၀၀၀၀ ရှိရာမှ ၂၀၁၀ တွင် ဟက်တာ ၃၅၀၀၀ အထိ တိုးလာသည်ဟု ဇွန်လ ၂၃ ရက်နေ့ UNODC အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများ၌ မက်သာ အဖက်တမင်း(စိတ်ကြွဆေးပြား)ထုတ်လုပ်ရာတွင် အများဆုံး ဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ ရေးသားထားသည်။

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုတန်ဖိုးသည် ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရှိပြီး ၂၀၁၀ တွင် ၁၇၇ သန်း အထိ မြင့်တက်သွားကြောင်း အစီရင်ခံစာက ဆိုထားသည်။

ကမ္ဘာ့ဘိန်းထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်အား အဖဂန်နစ္စတန်နိုင်ငံမှ ထုတ်လုပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း၌ တပ်ရင်းပေါင်း ၁၆၀ ၀န်းကျင်ရှိပြီး  နယ်စပ်ဒေသ၌ အခြေစိုက်ထားသော အစိုးရစစ်တပ်များသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တပ်ရိက္ခာရှာဖွေရသောကြောင့် ၎င်းတို့ကိုယ်တိုင် ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းစိုက်တောင်သူများထံမှ အခွန်ကောက်ခံခြင်းတို့ဖြင့် ၀င်ငွေရှာကာ ရပ်တည်နေကြသည်ဟု ရှမ်းသံတော်ဆင့် သတင်းစာ၏ အယ်ဒီတာနှင့်ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာ စောင့်ကြည့်ရေးအဖွဲ့မှ ဦးခွန်စိုင်းက ပြောသည်။

မြန်မာနိုင်ငံသည်၂၀၀၈-၂၀၀၉ ခုနှစ်များတွင် ရာသီဥတုမကောင်း၍ ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့သော်လည်း ၂၀၁၀-၂၀၁၁ ခုနှစ် တွင် ရာသီဥတု ကောင်းမွန်ခြင်းကြောင့် ဘိန်းအထွက် တိုးလာသည်ဟု ၎င်းက ဧရာဝတီကို ပြောသည်။

“ဘိန်းအထွက်တိုးလာတာက စစ်တပ်ထိန်းချုပ်တဲ့နေရာတွေမှာ ပိုစိုက်လာတယ်၊ နယ်ခြားစောင့် တပ်တွေကို လွပ်လပ်စွာ စိုက်ပျိုးခွင့်တွေ ပေးထားတာတွေကြောင့်ဖြစ်ပါတယ်”ဟု ဦးခွန်စိုင်း က ဆိုသည်။

ရှမ်းပြည်နယ်၏ တောင်ပိုင်း၊ မြောက်ပိုင်း ၂ ခု စလုံး၌ ဘိန်းစိုက်ပျိုးမှု များပြားလာပြီး မြို့နယ် ၅၀ ကျော်အနက် ၄၀ ကျော်၌ ဘိန်းစိုက်ပျိုးခြင်းကို စီးပွားရေးအရ လုပ်ကိုင်နေကြကြောင်း သိရသည်။

အစိုးရ သတင်းစာများကမူ ဘိန်းအပါအ၀င် မူးယစ်ဆေးဝါးများ ဖျက်ဆီးနေသည့် သတင်းများကို မကြာခဏ ရေးသားဖော်ပြလေ့ရှိပြီး နှစ်ရှည်စီမံကိန်းများ ချမှတ်ကာ မူးယစ်ကင်းစင်ရေး အတွက် လုပ်ဆောင်နေကြောင်း ရေးသားလေ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်