ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နိမိတ်ကောင်းဟု အမေရိကန်ပြော

E-mail Print
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်ပြီး ပြည်သူများနှင့် တွေ့ဆုံနိုင်ခြင်းသည် သတင်းကောင်းဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောဆို လိုက်သည်။

US-DASSK-trip“အကျယ်ချုပ် မဟုတ်တော့တာ၊ နိုင်ငံတဝန်းက သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံနိုင်တာတွေဟာ သတင်းကောင်းပါပဲ။ မြန်မာနိုင်ငံ အတွက် ရှေ့ပြေး နိမိတ်ကောင်းဖြစ်တယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုရီးယား နုလန်း က ယမန်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ပုဂံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ ယနေ့ခရီးစဉ် အဖြစ် ယနေ့နံနက် ၉ နာရီက ပုပ္ပားတောင်သို့ သွားရောက်ရာ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိကြောင်း အတူ လိုက်ပါသွားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လူငယ်တဦးက ပြောသည်။

“အခု ဒေါ်အောင်ဆန်းစုကြည်တို့ ဗျတ္တ ပန်းဆက်လမ်းခွဲက စပျစ်ခြံတခြံမှာရောက်နေပါတယ်” ဟု ယနေ့နံနက်တွင် ၎င်းကဆိုသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ပုဂံမြို့ရှိ အာနန္ဒာ၊ သဗ္ဗေညု၊ မနူဟာ၊ မြစေတီကျောက်စာ စသည့် ရှေးဟောင်းအမွေအနှစ် စေတီများကို သွားရောက်ခဲ့သည်။

ဇွန်လ ၄ ရက်နေ့မှစတင်ကာ ဒ်ါအောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း မိသားစုခရီးစဉ်ထွက်ခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ် ရန်ကုန်ပြင်ပခရီးစဉ်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်