ကချင်ဒေသတွင် စစ်ရေး အရှိန်မြှင့်

E-mail Print
အစိုးရတပ်များ စစ်အင်အား တိုးချဲ့နေစဉ်တွင် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အတွင်းရှိ ပူမွေခ ချောင်းကူး တံတားကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက ဇူလိုင် ၂၀ ရက်နေ့တွင် ဗုံးခွဲဖျက်ဆီးလိုက်သည်။

kachin-war-11
ဝိုင်းမော်မြို့နယ် အတွင်းရှိ ဂါးယာယန် ကျေးရွာနှင့် ကဇူး ကျေးရွာကြား ဆက်သွယ်ထားသည့် ပေ ၆၀ ခန့် အရှည်ရှိသော သံကူကွန်ကရစ် တံတားကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာဒေသသို့ အစိုးရတပ်များ ရောက်မလာနိုင်အောင် ရည်ရွယ်ဖောက်ခွဲခြင်း ဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့နှင့် တခြားသော မြို့များတွင် အစိုးရတပ်များက စစ်ရေးလှုပ်ရှားမှုများ ပိုလုပ်လာကြောင်း KIO တွဲဖက်အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

အစိုးရတပ်များသည် စစ်အကူအဖြစ် စစ်သင်္ဘော သုံးစင်းခန့် ဗန်းမော်မြို့သို့ ရောက်ရှိလာကြောင်း၊ သံချပ်ကာ ကားများ မိုးမောက်မြို့နယ်ဘက်သို့ ဦးတည်သွားနေကြောင်း ၎င်းက ပြောသည်။

တခြားဒေသများတွင် KIA ၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ ဦးလနန်က “ကျန်တဲ့ နေရာတွေမှာလည်း အသေးဖွဲလေးတွေ လုပ်တယ်လို့ ကြားတယ်။ ဒါပေမယ့် ဘယ်နေရာမှာဆိုတာ အတိအကျမသိ ရသေးဘူး။ တံတား တစင်း နှစ်စင်းတော့ ဖြစ်ပါလိမ့်မယ်” ဟု ဆက်ပြောသည်။

ဇွန် ၉ ရက်နေ့မှစတင်၍ မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နှင့် အစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ တံတား အစင်းပေါင်း ခန့်မှန်ခြေ ၃၀ နီးပါးခန့် KIA က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေက မြန်မာအစိုးရ ခြေလျင်တပ်ရင်း (၁၄၂) တပ်ဖွဲ့ဝင်များက လိုင်ဇာဒေသရှိ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) ကို ၈၁ မမ လက်နက် အမျိုးအစားနှင့် အလုံး ၂၀ ခန့် လှမ်းပစ်ခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး KIA ဘက်ကလည်း ကချင်ဒေသတွင်းရှိ အစိုးရတပ်များအား ထွက်ခွာရန် ပြန်လည်တောင်းဆိုကြရာမှ မပြေလည်ဘဲ တင်းမာမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် လိုင်ဇာမြို့၊ မိုးမောက်မြို့ စသည့် ဒေသများတွင် စစ်ပြေးဒုက္ခသည် ၁၆၀၀၀ ခန့် ရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဒုက္ခသည်များကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့နှင့် အဖွဲ့အစည်းတချို့တို့က ကူညီနေသော်လည်း လုံလောက်မှု မရှိဟု ဆိုသည်။

ကချင်စစ်ပြေး ဒုက္ခသည်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အာဏာပိုင်တချို့ကလည်း ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာအား ကိုးကား၍ ကချင်သတင်းဌာန (KNG) အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်