ပြည်တွင်းစစ် ရပ်စဲရေး ကြေညာချက်ထုတ်

E-mail Print
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းစစ်ပွဲများကြောင့် ပြည်သူများစွာ ထိခိုက်နစ်နာနေရသည့် အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ်ပတ်လည်နေ့တွင် ပြည်တွင်းစစ် ရပ်စဲရေး ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

Ko_Daw_Hmaine_News
ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျရောက်သော သခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ၄၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များ၊ သခင်ကိုယ်တော်မှိုင်းနှင့်အတူ ယခင် ငြိမ်းချမ်းရေးလုပ်ငန်း လုပ်ကိုင်ခဲ့သော ၀ါရင့်နိုင်ငံရေးသမားများ၊ တပည့်သားမြေးများက ပြည်တွင်းစစ်ရပ်စဲရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်း နှစ်ပတ်လည်အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြသည်။

ပြည်တွင်းစစ် ရပ်စဲရေးအတွက် အစိုးရ၊ ပြည်သူလူထု၊ အနုပညာရှင်၊ လက်နက်ကိုင်အဖွဲ့အစည်း စသည်တို့ကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း မေတ္တာရပ်ခံပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခင် ပြည်သူ့တိုးတက်ရေးပါတီမှ ဦးလေးမြင့်က ပြောသည်။

“ပြည်တွင်းစစ်ရပ်စဲဖို့ လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်သွားမယ်။ လက်မှတ်ရေးထိုးတာတို့ ကြေညာချက်ထုတ်တာတို့ ရှိမယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဟောပြောပွဲတွေလည်း လုပ်သွားမယ်” ဟု ဦးလေးမြင့်က ဆိုသည်။

အဆိုပါ ပြည်တွင်းစစ်များ ရပ်စဲရေး ကြေညာစာတမ်းသည် နိုင်ငံရေးနှင့် မဆက်နွှယ်ကြောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ “သူမနာကိုယ်မနာ” ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆရာတော်သံဃာတော်များနှင့် အနုပညာရှင်များ၊ ငြိမ်းချမ်းရေး လိုလားသူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထူများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးခေါင်ဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေး ၈ ဦးကော်မတီ၊ ၁၉၆၀ ပြည့်နှစ်တွင် ပြည်လည်ဖွဲ့စည်းခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (IPC)နှင့် အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် တိုင်းရင်းသားများသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တင်ပြခဲ့သည့် “သူမနာ၊ ကိုယ်မနာ ပြည်တွင်းစစ်ရပ်စဲရေးမှု” ကို ထောက်ခံခဲ့ကြသည်။

ပြည်တွင်းစစ် ငြိမ်းချမ်းရေးကို ၁၉၄၈ ခုနှစ်မှ စတင်ပြီး ရရှိရန် ကြိုးပမ်းနေကြသော်လည်း ယနေ့ထက်တိုင် အကောင်အထည် မပေါ်သေးကြောင်း ၀ါရင့်နိုင်ငံရေးသမားတဦးက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိမ်းမောင်က “ပြည်တွင်းစစ်နဲ့ ပတ်သတ်လို့ကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း လုပ်နိုင်ကြဖို့ ဆော်ဆော်သြသြနဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်သမျှတွေဟာ နိုင်ငံရေးလည်းမဟုတ်ဘူး၊ ငြိမ်းချမ်းရေးသက်သက်လုပ်နေတာမို့ တတိုင်းပြည်လုံး ပါဝင်သင့်တယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လက်ရှိ ပြည်တွင်းစစ် ရပ်စဲရေးလှုပ်ရှားရာတွင် တဦးတယောက်ကောင်းများဖြင့် ဆောင်ရွက်နေရပြီး နောက်ပိုင်းတွင် ပြည်တွင်းစစ် ရပ်စဲရေး အဖွဲ့အစည်းတရပ် ထူထောင်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သခင်ကိုယ်တော်မှိုင်းနှင့် ယခင် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သူ တဦးက ဆိုသည်။

၎င်းက “ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပတ်သတ်တဲ့ကြေညာချက်အတွက် ရဟန်းသံဃာတော်တွေ၊ အနုပညာရှင်တွေ ပြည်သူတွေကိုလည်း လက်မှတ်ရေးထိုးခိုင်းဖို့လည်းရှိတယ်” ဟု ပြောသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ်ပတ်လည်အခမ်းအနားတွင် ဆရာကြီးရေးထားခဲ့သော ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုကို ပန်ကြားလွှာ၊ ငြိမ်းချမ်းရေးနှင့် ရဟန်းသံဃာတော်များကို ပြန်ကြားလွှာနှင့် ငြိမ်းချမ်းရေးနှင့် အနုပညာရှင်များကို ပြန်ကြားလွှာများထဲမှ ငြိမ်းချမ်းရေးနှင့် အနုပညာရှင်များကို ပြန်ကြားလွှာကို သခင်ကိုယ်တော်မှိုင်း၏ မြေးသမက်ဖြစ်သူ စာရေးဆရာ သန်းစိုးနိုင်က ဖတ်ကြားသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ် မတ်လတွင် မွေးဖွားပြီး ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သည်။ အလင်္ကာကျော်စွာဘွဲ့၊ ဆိုဗီယက်ပြည်ထောင်စုမှ ပေးအပ်သော စတာလင် ငြိမ်းချမ်းရေးဆု၊ အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တို့ ချီးမြှင့်ခံရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်