ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တွေ့ဆုံမှု ၈၈ ခေါင်းဆောင်များ ကြိုဆို

E-mail Print
မြန်မာနိုင်ငံ အကျဉ်းထောင် များထဲတွင် ထောင်ဒဏ် နှစ်ရှည် ကျခံနေကြရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ မကြာခင်က တွေ့ဆုံခဲ့ကြသည်ကို ကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။

208080-min_ko_naingကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကိုမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံခြင်းမှာ ကောင်းမွန်သည့် ခြေတလှမ်း ဖြစ်ကြောင်း ၎င်းအကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ဆိုသည်။

အလားတူ နောက်ထပ် ထင်ရှားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း အဆိုပါကိစ္စကို ထောက်ခံလိုက်ကြောင်း၊ ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးကို မျှော်လင့်ကြောင်း ပြောသည်ဟု ၎င်း အကျဉ်းကျနေသည့် မိုင်းဆတ် အကျဉ်းထောင် နှင့်နီးစပ်သူတဦးက ပြောသည်။

ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုထက်ပိုမို ကျယ်ပြန့်သည့် ဦးဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံသားများ ခံစားနေကြရသော နိုင်ငံရေး မပြေလည်မှု၏ နောက်ကွယ်မှ လူမှုဒုက္ခ အ၀၀ကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် အရေးတကြီး လိုအပ်ကြောင်း အကြံပြုပြောဆိုလိုက်သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင်း၌ အကျဉ်းကျနေသော ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံခြင်းသည် မြန်မာပြည် နိုင်ငံရေးအတွက် အကောင်းဘက်သို့ ခြေတလှမ်းဟု သုံးသပ်ကြောင်း ၎င်းနှင့် ယောက်ဖတော်စပ်သူ ကိုဖြိုးမင်းသိန်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းထိန်က “၈၈ ကျောင်းသား ခေါင်းဆောင်တွေ အနေနဲ့ အများကြီး စွန့်လွှတ်ပေးဆပ် နေရတဲ့ကြားက နိုင်ငံအတွက် အမြဲအပြုသဘော ရှုမြင်တတ်ကြတယ်။ NLD ကလည်း ဒါကို အလေးအနက်ထားပါတယ်” ဟု ပြောသည်။

နှစ်ရှည် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ၎င်းတို့ လွတ်မြောက်ရေး အတွက် အစိုးရထံတွင် အသနားခံမည်ဆိုသည့် သတင်းများ လတ်တလောတွင် ထွက်ပေါ် နေသော်လည်း မမှန်ကန်ကြောင်း အဆိုပါ ကျောင်းသား ခေါင်းဆောင် များက တုန့်ပြန်ပြောဆိုသည်ဟု သိရသည်။

၎င်းတို့ အနေဖြင့် အစိုးရထံ အသနားခံစာ တင်ခြင်း လုံးဝ လုပ်ဆောင်မည် မဟုတ်ဟု  ပြောဆိုကြောင်း သူတို့ အကျဉ်း ကျခံ နေရသည့် အကျဉ်းထောင်များနှင့် နီးစပ်သူများက ဆိုသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အပါအဝင် ကျောင်းသား ခေါင်းဆောင်များသည် ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုများ၊ တနိုင်ငံလုံးပါဝင်သည့် လူထု လှုပ်ရှားမှုများတွင် စတင် ခေါင်းဆောင် ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ အဖမ်းအဆီးကို ခံခဲ့ကြရကာ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရသည်။

၂၀၀၄ ခုနှစ်က စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အပေါင်း အပါများကို တာဝန်မှ ရပ်စဲကာ အရေးယူခဲ့ပြီးနောက် နအဖ စစ်အစိုးရက ပြန်လည်စိစစ် လွှတ်ပေးခဲ့ခြင်းကြောင့် ၎င်းတို့ လွတ်မြောက် လာခဲ့ကြသည်။

အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားများသည် ပြန်လည် စုစည်းခဲ့ကြပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး မှတ်တမ်းများ ကောင်းမွန်ရေး တို့အတွက် ဆက်လက် လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်နေစဉ် လောင်စာဆီဈေး မြင့်တက်လာမှုကြောင့် ကုန်ဈေးနှုန်း ကြီးမားလာမှုကို နိုင်ငံသားများ ခံစားနေရသဖြင့် လောင်စာ ဆီဈေးနှုန်း ချပေးရန် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့မှုကြောင့် နအဖ အစိုးရက ပုဒ်မ အမျိုးမျိုးတပ်ကာ မတရား သဖြင့် နှစ်ပေါင်း ၆၀ ကျော် ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။ ၎င်းတို့အားလုံး မိသားစုနှင့် ဝေးလံသည့် အကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်း ခံနေကြရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်