ဘားအံတွင် အိမ် ရာနှင့်ချီ ရေမြုပ်

E-mail Print
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယမန်နေ့ ညက စတင်၍ လယ်ကွင်း နှင့် လူနေအိမ် အများအပြား ရေနစ်မြုပ်သွားကြောင်း ဒေသခံများက ပြောသည်။

ရာနှင့်ချီသောမိသားစုများအတွက် အာဏာပိုင်တို့က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အားကစားကွင်းတို့တွင် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်ပြီး အကူအညီ ပေးထားကြောင်း သိရသည်။

“လူတွေကို လိုက်ကယ်နေတုန်းပဲ။ (နေ့ခင်း) ၁၂ နာရီ မထိုးခင်လေးက ၆၁၉ အိမ်ထောင်စု ရှိတယ်၊ အခုထိ ရေတက်နေသေးတယ်” ဟု  ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။

ဒေသခံများ ပြောကြားချက်အရ အမှတ် ၁၊ ၂၊  ၅ ရပ်ကွက်တို့တွင် ရေကြီးမှု ပိုများပြီး အိမ်အများအပြား ခေါင်မိုးအထိ နစ်မြုပ်လျက်ရှိကြောင်း သိရသည်။ 

ဘားအံသည် သံလွင်မြစ်ဘေးတွင် တည်ရှိသည်။

“ပြီးခဲ့တဲ့ တပတ်တုန်းက ဒီလောက် ရေမတက်ဘူး၊ ဒီအခု တက်တာက အရင် တခေါက်ကထက် ပိုများလာတယ်” ဟု ဘားအံတွင် နေထိုင်သူ အမျိုးသားတဦးက ပြောသည်။

သံလွင်မြစ်ရေသည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဘားအံမြို့တွင် ၈၁၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊  စိုးရိမ် ရေမှတ် အထက် ၆၈ စင်တီမီတာ (၂ ဒသမ ၂ပေခန့်) ကျော်လွန်နေခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ၃ ရက်အတွင်း  ၇၅၀ စင်တီမီတာအထက်တွင် ရှိနေမည်ဟု ဆိုသည်။ ကမ်းရိုးတန်းဒေသတွင် ယနေ့  မိုးများမည်ဖြစ်ပြီး ပြည်နယ်တိုင်း ၁၄ ခုလုံးတွင်လည်း မိုးထစ်ချုန်း ရွာမည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း ဘားအံအနီး လှိုင်းဘွဲ့မြို့နယ်တွင် မိုးများ၍ ရေကြီးမှု ဖြစ်ပွားခဲ့ရာ စိုက်ခင်းအများအပြား ရေနစ်မြုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်